Apple ကနေ iPhone 12 Series စမတ်ဖုန်းတွေကို ယခုနှစ်ကုန်ပိုင်းမှာ တရားဝင်မိတ်ဆက်သွားတေ့ာမှာဖြစ်ပါတယ်။ iPhone 12 Series ဖုန်းတွေဟာ 5nm Architecture ကိုအခြေခံထားတဲ့ A14 Bionic Chip ကို အသုံးပြုလာမှာဖြစ်ပြီး အဆိုပါ Chip တွေကိုတော့ TSMC ကနေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

အခုလည်း Leakster တစ်ဦးဖြစ်တဲ့ “L0vetodream” ကနေ TSMC ဟာ ယခုနှစ်အတွင်းမှာတင် Apple အတွက် A14 Chip ပေါင်း သန်း ၈၀ ခန့်တင်ပို့ပေးသွားမယ် ဆိုပြီး Twitter စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ ဒီလိုမျိုး A14 Chip ပေါင်း သန်း ၈၀ ခန့်တင်ပို့ပေးသွားမယ်ဆိုတာက တစ်ဖက်ကနေကြည့်မယ်ဆိုရင် Apple က ဒီနှစ်မှာတင် iPhone 12 Series ဖုန်းအလုံးရေ သန်း ၈၀ လောက်အထိ ရောင်းချဖို့ရည်ရွယ်ထားတယ်လို့တောင် ပြောရမှာပါ။

Apple iPhone 12 Series စမတ်ဖုန်းတွေဟာ iPhone X နောက်ပိုင်းမှာ Design ပိုင်းကြီးကြီးမားမားပြောင်းလဲသွားမှာဖြစ်ပြီး ပိုမိုသေးငယ်တဲ့ Face ID ပါဝင်တဲ့ Notch အပြင် Apple အတွက် ပထမဆုံးအနေနဲ့ 5G ကိုအသုံးပြုနိုင်တဲ့စမတ်ဖုန်းတွေဖြစ်လာမှာပါ။ ဒါတင်မဟုတ်သေးဘဲ iPhone 11 ထက်တောင် စျေးပိုသက်သာတဲ့ $649 တန် iPhone 12 လိုမျိုးဖုန်းအပြင် စုစုပေါင်း iPhone 12 Series ၄ မျိုးအထိ မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။

အစောပိုင်းခန့်မှန်းချက်တွေအရ Apple ကနေ ၂၀၂၀ ခုနှစ်အတွင်းမှာ iPhone 12 Series ဖုန်းတွေကို အလုံးရေ ၁၅ သန်းကနေ သန်း ၂၀ လောက်အထိ ရောင်းချသွားဖို့ ခန့်မှန်းထားတာဖြစ်တဲ့အတွက် TSMC ကနေ ယခုနှစ်အတွင်းတင်ပို့သွားမယ့် A14 Chip တွေရဲ့ ပမာဏက iPhone 12 Series ရဲ့ ခန့်မှန်းရောင်းအားထက် ၄ ဆလောက်ပိုပြီး များပြားနေတာဖြစ်ပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်ခြေတစ်ခုကတော့ Apple ကနေ A14 Bionic Chip တွေကို ARM Mac ကွန်ပျူတာတွေနဲ့ iPad Pro တွေမှာပါ အသုံးပြုလာဖို့ရည်ရွယ်ထားတယ်လို့ ယူဆရပါတယ်။

Ref – Gizmo China