အခုအချိန်မှာ စမတ်ဖုန်းတွေဟာ 5nm Architecture Chipset တွေကို စတင်အသုံးပြုလာတော့မှာဖြစ်ပါတယ်။ ယခုနှစ်ကုန်ပိုင်းမှာလည်း Apple iPhone 12 Series ဖုန်းတွေမှာ အသုံးပြုလာမယ့် A14 Bionic Chip နဲ့ Huawei Mate 40 Series ဖုန်းတွေမှာပါဝင်မယ့် Kirin 1000 Chipset တွေဟာ အစောဆုံး 5nm Architecture နည်းပညာနဲ့ Chipset တွေဖြစ်လာမှာပါ။

အခုလည်း နာမည်ကြီး Chip Maker တစ်ဦးဖြစ်တဲ့ TSMC ကနေ 5nm ကို ကျယ်ပြန့်စွာအသုံးမပြုနေသေးပေမယ့်လည်း 3nm Chipset တွေကိုပါ လာမယ့် ၂၀၂၂ အမှီထုတ်လုပ်နိုင်ဖို့ စီစဥ်နေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက် စမ်းသပ်ထုတ်လုပ်မှုတွေကို လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ စတင်သွားမှာလည်း ဖြစ်ပါတယ်။

ဒီလိုမျိုး 3nm Architecture ကို အခြေခံထားတဲ့ Chipset တွေဟာ Apple A Series Mobile Chip တွေအပြင် Mac ကွန်ပျူတာတွေအတွက် Apple Silicon Processor တွေမှာ အသုံးပြုဖို့ကိုလည်း စီစဥ်နေတာ ဖြစ်ပါတယ်။ အဲ့ဒီအတွက် 3nm Chipset တွေကိုတော့ Apple ကပဲ အစောဆုံးအသုံးပြုနိုင်ဖွယ်ရှိနေပါတယ်။

လာမယ့် 5nm Architecture ကို အခြေခံထားတဲ့ A14 Bionic Chip နဲ့ iPhone 12 Series ဖုန်းတွေကလည်း မနှစ်တုန်းက iPhone 11 Series ဖုန်းတွေထက် သိသိသာသာစွမ်းဆောင်ရည်ကောင်းမွန်လာမှာဖြစ်သလို Power စားသုံးမှုလည်း ပိုပြီးသက်သာနိုင်ဖို့များနေပါတယ်။ ဒါပေမယ့်လည်း iPhone 12 Series ဖုန်းတွေကို တရားဝင်မိတ်ဆက်ထားခြင်းမရှိသေးတဲ့အတွက် အခု TSMC ကနေ ဆောင်ရွက်တော့မယ့် 3nm Architecture Chipset တွေရဲ့ စွမ်းဆောင်ရည်ကို ခန့်မှန်းဖို့ခက်ခဲနေပါတယ်။

Ref – Gizmo China