လူသုံးအများဆုံး Streaming ပလက်ဖောင်းဖြစ်တဲ့ Twitch ဟာ သူတို့ရဲ့ နာမည်အကြီးဆုံး Streamer တွေထဲက တစ်ယောက်ဖြစ်တဲ့ Dr Disrespect ကို Ban ခဲ့ပြီး Subscriber တွေကို ငွေပြန်အမ်းလာခဲ့ပါတယ်။

Dr Disrespect ရဲ့ Subscriber အများစုဟာ ယနေ့မှာ ငါးရက်အတွင်း ပြန်အမ်းငွေရရှိမယ်ဆိုတဲ့ အီးမေးလ်တွေ လက်ခံရရှိခဲ့တယ်လို့လည်း ဆိုပါတယ်။

ဇွန်လ ၂၇ ရက်နေ့အစောပိုင်းမှာ Twitch ဟာ ရုတ်တရက်ကြီး Dr Disrespect ရဲ့ ချန်နယ်ကို ဖြုတ်ချခဲ့တာပါ။ အစောပိုင်းမှာ DMCA Copyright ကိစ္စနဲ့လို့ တချို့က ယူဆခဲ့ကြပေမယ့် အတွင်းလူတစ်ယောက်ကတော့ Dr Disrespect ရဲ့ Ban ဟာ ယာယီမဟုတ်သလို DMCA ကိစ္စလည်း မဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။

Dr Disrespect ဟာ ၂၀၁၉ ခုနှစ်ကလည်း E3 ဂိမ်းပြပွဲရဲ့ အိမ်သာထဲကို ကင်မရာတစ်လုံးနဲ့ ဝင်သွားလို့ ယာယီ Ban ခံခဲ့ရပါသေးတယ်။ Twitch ရဲ့ပေါ်လစီအရ Ban ခံရတဲ့ Streamer ကလွဲလို့ အကြောင်းရင်းကို ထုတ်ဖော်ပြောကြားသွားမှာ မဟုတ်ပါဘူး။

Dr Disrespect ဟာ ပြင်းပြင်းထန်ထန် ချဲ့ကားပြောဆိုတဲ့ စတိုင်နဲ့ Stream လေ့ရှိပြီး Twitch ရဲ့ လူကြိုက်အများဆုံး Streamer တွေထဲက တစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ကောင်ပုံစံကို အခြေခံပြီး Animated ရုပ်ရှင်စီးရီးတစ်ခုတောင် ထွက်ရှိဖို့ သဘောတူထားပါတယ်။

Ref – Dotesports