Unicode

Twitter ကနေ အခုအချိန်မှာ Direct Message တွေမှာ Feature အသစ်တစ်ခုကို ထည့်သွင်းလိုက်ပြီဖြစ်ပြီးတော့ အဆိုပါ Feature ဟာဆိုရင် Facebook Messenger အသုံးပြုသူတွေအတွက် ရင်းနှီးနေတဲ့ Feature တစ်ခုလည်းဖြစ်ပါတယ်။ ဒါကတော့ Messages တွေကို တစ်ခုချင်းလိုက်ပြီး Reaction ပေးနိုင်တဲ့ Emoji Reaction Feature ပဲဖြစ်ပါတယ်။

ဒီလိုမျိုး Direct Message တွေမှာ React ပြုလုပ်ချင်တယ်ဆိုရင်တော့ Message ရဲ့ ဘေးဘက်မှာရှိတဲ့ Heart+ Icon ကို နှိပ်ပြီးပဲဖြစ်ဖြစ် Message ကို Double Tap နှိပ်ပြီးပဲဖြစ်ဖြစ် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ Emoji ၇ ခုရွေးချယ်နိုင်မှာဖြစ်ပြီး Facebook မှာ ပါဝင်ခြင်းမရှိတဲ့ Fire Emoji ပါ ပါဝင်မှာပါ။

အခု Emoji Reaction Feature ဟာဆိုရင် ကြိုက်တဲ့အချိန်မှာ ပြန်ပြီး Remove ပြုလုပ်နိုင်သလို React ပြုလုပ်လိုက်တာနဲ့ တဖက်သူကလည်း Notification ရရှိမယ်လို့ သိရပါတယ်။

လောလောဆယ်မှာတော့ Twitter ကနေ ဒီ Feature ကို Web Version နဲ့ Mobile Version ၂ ခုစလုံးအတွက် ထုတ်ပေးလိုက်ပြီဖြစ်ပြီးတော့ တကယ်လို့ Application ရဲ့ Version က နောက်ဆုံး Version မဟုတ်ဘူးဆိုရင်တော့ Reaction တွေကို စာအနေနဲ့ပဲ မြင်တွေ့ရမှာပါ။ ဘာပဲဖြစ်ဖြစ် Twitter အသုံးပြုသူတွေအတွက်ကတော့ အသုံးဝင်တဲ့ Feature တစ်ခုလို့ ပြောရမှာဖြစ်ပါတယ်။

Ref – The Verge

Zawgyi

Twitter ကေန အခုအခ်ိန္မွာ Direct Message ေတြမွာ Feature အသစ္တစ္ခုကို ထည့္သြင္းလိုက္ၿပီျဖစ္ၿပီးေတာ့ အဆိုပါ Feature ဟာဆိုရင္ Facebook Messenger အသုံးျပဳသူေတြအတြက္ ရင္းႏွီးေနတဲ့ Feature တစ္ခုလည္းျဖစ္ပါတယ္။ ဒါကေတာ့ Messages ေတြကို တစ္ခုခ်င္းလိုက္ၿပီး Reaction ေပးႏိုင္တဲ့ Emoji Reaction Feature ပဲျဖစ္ပါတယ္။

ဒီလိုမ်ိဳး Direct Message ေတြမွာ React ျပဳလုပ္ခ်င္တယ္ဆိုရင္ေတာ့ Message ရဲ႕ ေဘးဘက္မွာရွိတဲ့ Heart+ Icon ကို ႏွိပ္ၿပီးပဲျဖစ္ျဖစ္ Message ကို Double Tap ႏွိပ္ၿပီးပဲျဖစ္ျဖစ္ အသုံးျပဳႏိုင္မွာျဖစ္ပါတယ္။ ေလာေလာဆယ္မွာေတာ့ Emoji ၇ ခုေ႐ြးခ်ယ္ႏိုင္မွာျဖစ္ၿပီး Facebook မွာ ပါဝင္ျခင္းမရွိတဲ့ Fire Emoji ပါ ပါဝင္မွာပါ။

အခု Emoji Reaction Feature ဟာဆိုရင္ ႀကိဳက္တဲ့အခ်ိန္မွာ ျပန္ၿပီး Remove ျပဳလုပ္ႏိုင္သလို React ျပဳလုပ္လိုက္တာနဲ႔ တဖက္သူကလည္း Notification ရရွိမယ္လို႔ သိရပါတယ္။

ေလာေလာဆယ္မွာေတာ့ Twitter ကေန ဒီ Feature ကို Web Version နဲ႔ Mobile Version ၂ ခုစလုံးအတြက္ ထုတ္ေပးလိုက္ၿပီျဖစ္ၿပီးေတာ့ တကယ္လို႔ Application ရဲ႕ Version က ေနာက္ဆုံး Version မဟုတ္ဘူးဆိုရင္ေတာ့ Reaction ေတြကို စာအေနနဲ႔ပဲ ျမင္ေတြ႕ရမွာပါ။ ဘာပဲျဖစ္ျဖစ္ Twitter အသုံးျပဳသူေတြအတြက္ကေတာ့ အသုံးဝင္တဲ့ Feature တစ္ခုလို႔ ေျပာရမွာျဖစ္ပါတယ္။

Ref – The Verge