Twitter ဟာ အခုနောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ သိသိသာသာကို အသုံးပြုသူများပြားလာတဲ့ Social Media Platform တစ်ခုဖြစ်ပါတယ်။ နိုင်ငံတကာမှာလည်း ယခင်ထဲက အသုံးပြုနေတဲ့ Social Media တစ်ခုဖြစ်တဲ့အတွက် အခုအချိန်အထိ Twitter Account မရှိသေးဘူးဆိုရင် စတင်စမ်းသပ်အသုံးပြုကြည့်သင့်ပြီလို့တောင် ပြောရမှာပါ။

အခုလည်း Twitter ကနေ အခုမှ Account အသစ် Sign-up ပြုလုပ်မယ့်သူတွေအတွက် ပိုပြီးလွယ်ကူစေမယ့် Feature အသစ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ဒါကတော့ ယခင်တုန်းကလိုမျိုး Email နဲ့ Phone Number ကို အသုံးပြုပြီး Account အသစ် Sign-up ပြုလုပ်မယ့်အစား Apple ID နဲ့ Google Account တွေကိုပါ အသုံးပြုနိုင်တာပဲဖြစ်ပါတယ်။

ဒီလိုမျိုး Apple ID သို့မဟုတ် Google Account ကိုအသုံးပြုပြီး Sign-up ပြုလုပ်နိုင်ပြီဖြစ်တဲ့အတွက် ပိုပြီးလွယ်ကူသွားပြီဖြစ်သလို လက်ရှိ ရှိပြီးသား Account ကိုလည်း တူညီတဲ့ Google Account သို့မဟုတ် Apple ID နဲ့ ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ Feature ဟာ ပြီးခဲ့တဲ့လတုန်းက Twitter Beta အသုံးပြုသူတွေအတွက် စမ်းသပ်ခဲ့ပေမယ့် အခုအချိန်မှာတော့ တရားဝင်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

အခုလိုမျိုး Google Account ကို အသုံးပြုပြီး Sign-up ပြုလုပ်ဖို့အတွက် Application တင်မဟုတ်ဘဲ Web မှာပါ အသုံးပြုနိုင်မှာဖြစ်ပေမယ့် Apple ID ကိုတော့ လောလောဆယ်မှာ Application မှာပဲ Support ပေးဦးမယ်လို့ သိရပါတယ်။ နောက်ပိုင်းမှပဲ Web မှာပါ Apple ID နဲ့ Sign-up ပြုလုပ်နိုင်ဖွယ်ရှိနေပါတယ်။

ဘာပဲဖြစ်ဖြစ် Twitter အနေနဲ့ အခုလိုမျိုးပြုလုပ်ပေးလိုက်တာက အခုမှစပြီး အသုံးပြုချင်တဲ့သူတွေအတွက် အလွန်လွယ်ကူသွားစေတာပဲဖြစ်ပါတယ်။

Ref – The Verge