နာမည္ေက်ာ္ ဆုိရွယ္မီဒီယာတစ္ခုျဖစ္တဲ့ တြစ္တာဟာ ဗီဒီယုိ Live ထုတ္လႊင့္မႈကိုေတာ့ သူ႕နည္းနဲ႔သူ ျပဳလုပ္ခြင့္ေပးခဲ့တာ ႏွစ္ခ်ီေနပါျပီ။ ဒါေပမယ့္ ကင္မရာကို မဖြင့္ဘဲ အသံခ်ည္းပဲ Live Broadcast လုပ္ခ်င္တဲ့သူ ေတြအတြက္ေတာ့ အခုမွ Audio သီးသန္႔ Live ထုတ္လႊင့္ႏုိင္စြမ္းကို ထည့္ေပးလုိက္တာျဖစ္ျပီး လက္ရွိမွာ iOS ဗားရွင္းမွာပဲ အသုံးျပဳႏိုင္ဦးမွာ ျဖစ္ပါတယ္။

ဗီဒီယုိ Live မွာလိုပဲ ၾကည့္ရႈသူေတြရဲ႕ အခ်က္အလက္ေတြကိုလည္း ၾကည့္ရႈႏုိင္မယ့္ Feature အသစ္က Android ေပၚကို ေရာက္လာမယ့္ အခ်ိန္ကိုေတာ့ မေၾကျငာေသးပါဘူး။ ဒါေပမယ့္ iOS မွာ အသုံးျပဳလုိ႔ ရေနျပီ ျဖစ္တဲ့အတြက္ Android ေပၚ ေရာက္လာဖုိ႔လည္း အရမ္းၾကာေတာ့မွာ မဟုတ္ပါဘူး။

iOS သုံးစြဲသူေတြအတြက္ ဒီအပတ္အတြင္းမွာ အၾကီးစား Update ေျပာင္းလဲမႈ ေနာက္တစ္ခုလည္း ရွိေနျပီး အဲဒါကေတာ့ Apple က သူ႕ရဲ႕ Music App မွာ “Top 100” သီခ်င္းဇယားကို ထည့္သြင္းခဲ့တာပါ။ Global Chart တစ္ခုအျပင္ Apple ရဲ႕ ဂီတဝန္ေဆာင္မႈ ရရွိေနတဲ့ ႏုိင္ငံတစ္ရာေက်ာ္ကိုလည္း တစ္ခုခ်င္းစီအတြက္ သီးသန္႔ Top 100 Chart တစ္ခုစီ ထည့္သြင္းေဖာ္ျပသြားမွာ ျဖစ္ပါတယ္။

Ref – https://www.engadget.com/2018/09/07/twitter-and-periscope-live-audio-only-broadcasts

Unicode

နာမည်ကျော် ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ တွစ်တာဟာ ဗီဒီယို Live ထုတ်လွှင့်မှုကိုတော့ သူ့နည်းနဲ့သူ ပြုလုပ်ခွင့်ပေးခဲ့တာ နှစ်ချီနေပါပြီ။ ဒါပေမယ့် ကင်မရာကို မဖွင့်ဘဲ အသံချည်းပဲ Live Broadcast လုပ်ချင်တဲ့သူ တွေအတွက်တော့ အခုမှ Audio သီးသန့် Live ထုတ်လွှင့်နိုင်စွမ်းကို ထည့်ပေးလိုက်တာဖြစ်ပြီး လက်ရှိမှာ iOS ဗားရှင်းမှာပဲ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

ဗီဒီယို Live မှာလိုပဲ ကြည့်ရှုသူတွေရဲ့ အချက်အလက်တွေကိုလည်း ကြည့်ရှုနိုင်မယ့် Feature အသစ်က Android ပေါ်ကို ရောက်လာမယ့် အချိန်ကိုတော့ မကြေငြာသေးပါဘူး။ ဒါပေမယ့် iOS မှာ အသုံးပြုလို့ ရနေပြီ ဖြစ်တဲ့အတွက် Android ပေါ် ရောက်လာဖို့လည်း အရမ်းကြာတော့မှာ မဟုတ်ပါဘူး။

iOS သုံးစွဲသူတွေအတွက် ဒီအပတ်အတွင်းမှာ အကြီးစား Update ပြောင်းလဲမှု နောက်တစ်ခုလည်း ရှိနေပြီး အဲဒါကတော့ Apple က သူ့ရဲ့ Music App မှာ “Top 100” သီချင်းဇယားကို ထည့်သွင်းခဲ့တာပါ။ Global Chart တစ်ခုအပြင် Apple ရဲ့ ဂီတဝန်ဆောင်မှု ရရှိနေတဲ့ နိုင်ငံတစ်ရာကျော်ကိုလည်း တစ်ခုချင်းစီအတွက် သီးသန့် Top 100 Chart တစ်ခုစီ ထည့်သွင်းဖော်ပြသွားမှာ ဖြစ်ပါတယ်။