Twitter ဟာ လူတိုင်းကို Blue Subscription နဲ့ သူတို့ရဲ့ အကောင့်ကို စစ်ဆေးအတည်ပြုနိုင်ခွင့်ပေးခဲ့ပါတယ်။ ရလဒ်ကတော့ လူအများအပြားက အဆိုပါ Feature ကို အလွဲသုံးစားလုပ်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ မျက်စိနောက်စရာကောင်းလောက်အောင် ကိုးရိုးကားရားပို့စ်တွေနဲ့အတူ Troll ကြတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အီလွန်မာ့စ် ပိုင်ဆိုင်တဲ့ Twitter ဟာ မငြိမ်သက်မှုတွေကို တားဆီးဖို့ ကြိုးပမ်းခဲ့ရပြီး ကွန်ရက်ဟာ လွန်ခဲ့တဲ့ သောကြာနေ့မှာ Subscriptions ကို ပိတ်ချခဲ့ရပါတယ်။ အချိန်တိုအတွင်းမှာပဲ Check marks တွေကိုလည်း ဖယ်ရှားပစ်ခဲ့ပါတော့တယ်။

ဒါပေမဲ့ CEO ဟာ နောက်ဆုံးမှာတော့ Blue Verified feature ကို လာမဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ပြန်လည်စတင်ဖို့ အတည်ပြုခဲ့ပါတယ်။ Blue checkmark ဟာ Premium subscription ရဲ့ Feature တစ်ခုဖြစ်ပြီး လစဉ် ၅ ဒေါ်လာ ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အကျိုးရလဒ်ကတော့ Tweet ကို တည်းဖြတ်တာ၊ ဒါမှမဟုတ် Schedule လုပ်တာမျိုး ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ၈ ဒေါ်လာကို တိုးမြှင့်ခဲ့ပါတယ်။

အရင်တုန်းကတော့ Blue checkmark ဟာ နိုင်ငံရေးသမားတွေရဲ့ အကောင့်တွေ၊ ဆယ်လီတွေ၊ ဂျာနယ်လစ်တွေ၊ မီဒီယာနဲ့ အခြားထင်ရှားကျော်ကြားသူတွေ၊ အဖွဲ့အစည်းတွေရဲ့အကောင့်တွေအတွက် သီးသန့်ထားခဲ့တဲ့ Verified ပြုလုပ်နိုင်တဲ့ လုပ်ဆောင်ချက်ဖြစ်ခဲ့ပါတယ်။ မာ့စ်ဟာ သူတွေ့ရှိထားတဲ့ Twitter အကောင့်တုတွေကို ဘယ်လိုရပ်တန့်ဖို့ စီစဉ်ထားတယ်ဆိုတာမျိုးနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ဖော်ပြလာခြင်း မရှိသေးပါဘူး။

Ref: GSM Arena