Twitter ကို ဝယ်ယူလိုက်ပြီဖြစ်တဲ့ Elon Musk ဟာ Twitter Blue Subscription မှာ Verification Blue Mark ကိုထည့်သွင်းရောင်းချနေတဲ့အတွက် ဝေဖန်မှုတွေ ခံရနေတာဖြစ်ပါတယ်။ ဒါ့အပြင် Elon Musk ကနေ Twitter ကို ဝယ်ယူအပြီးမှာ Twitter ရဲ့ CEO အပြင် တခြားသော ဦးဆောင်သူတွေကိုပါ အလုပ်ကနေ ထုတ်ပယ်ခဲ့ပါသေးတယ်။

အခုလည်း Elon Musk ကနေ Twitter ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေရဲ့ ထက်ဝက်ကို အလုပ်ကနေ ထုတ်ပယ်တော့မှာဖြစ်ပါတယ်။ ဒါဟာ လူပေါင်း ၃,၇၀၀ ဝန်းကျင်လောက်အထိရှိနိုင်ပြီးတော့ အကြောင်းပြချက်အနေနဲ့ကတော့ ငွေကြေးကုန်ကျမှုကို လျော့ချဖို့ဖြစ်တယ်လို့ သိရပါတယ်။

အခုလိုမျိုး အလုပ်ထုတ်ပယ်တော့မှာဖြစ်ပေမယ့် Elon Musk ဟာ အလုပ်ထုတ်မယ့် ဝန်ထမ်းတွေကို ကြိုတင်အကြောင်းကြားထားခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ Twitter မှာ ကျန်ရှိနေမယ့် ဝန်ထမ်းတွေကလည်း အလုပ်ခွင်ကို အချိန်ပြည့်အလုပ်လုပ်ရတော့မှာဖြစ်ပြီး COVID-19 Pandemic တုန်းက မိတ်ဆက်ခဲ့တဲ့ နေရာမရွေးကနေ အလုပ်လုပ်နိုင်တဲ့ Work-from-anywhere Policy ကိုလည်း ရုတ်သိမ်းသွားမှာဖြစ်ပါတယ်။

လောလောဆယ်မှာ Elon Musk ဟာ အဆိုပါ အလုပ်မှထုတ်ပယ်မယ့်သူတွေအတွက် နစ်နာကြေးပေးဖို့ကိစ္စတွေကို ဆွေးနွေးနေတယ်လို့ သိရပြီး ဝန်ထမ်းတွေအနေနဲ့ ရက် ၆၀ လုပ်အားခနဲ့ညီမျှတဲ့ တန်ကြေးကို ရရှိဖွယ်ရှိနေပါတယ်။

Ref – GSM Arena