တွစ်တာရဲ့ Security and Integrity အကြီးအကဲ Yoel Roth က တွစ်တာ ဝန်ထမ်းတွေရဲ့ လက်ရှိ အခြေအနေကို အတည်ပြုလာပါတယ်။ Elon Musk က တွစ်တာကို ဝယ်ယူပြီးနောက်မှာ တွစ်တာ ဝန်ထမ်းများစွာကို အလုပ်ထုတ်မယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ အခုတော့ Yoel Roth က သောကြာနေ့မှာ ဝန်ထမ်း ၅၀ ရာခိုင်နှုန်း အလုပ်ပြုတ်သွားပြီလို့ အတည်ပြုလိုက်ပါတယ်။

Twitter

သူက တွစ်တာမှာ “ သောကြာနေ့မှာ ဝန်ထမ်း များစွာကို အလုပ်ထုတ်ခဲ့ပြီး ၁၅ ရာခိုင်နှုန်းက Trust & Safety Organization က ဖြစ်ပါတယ်။ စုစုပေါင်း ၅၀ ရာခိုင်နှုန်းကို အလုပ်ထုတ်လိုက်တာပါ။ Moderation ဝန်ထမ်းတွေကို အလုပ်ထုတ်တာ အနည်းဆုံး ဖြစ်ပါတယ်။ Content Review Volume Team ရဲ့ ၈၀ ရာခိုင်နှုန်းလည်း အလုပ်မထုတ်ခံရပါဘူး။ အဲဒီအတွက် ကုမ္ပဏီရဲ့ အဓိက လုပ်ငန်းတွေကို မထိခိုက်ပါဘူး။ “ လို့ ရေးသားထားပါတယ်။

Twitter execs confirm that Musk has sacked 50% of Twitter employees - Gizchina.com

သောကြာနေ့က ဝန်ထမ်းများစွာကို အလုပ်ထုတ်လိုက်တဲ့အထဲမှာ တွစ်တာရဲ့ အဓိက အစိတ်အပိုင်းက လူများစွာ ပါလာခဲ့ပါတယ်။ အထိခိုက်ဆုံးက ထုတ်ကုန်နဲ့ အင်ဂျင်နီယာ ဌာန ဖြစ်ပြီး Infrastructure အဖွဲ့က ဝန်ထမ်းများစွာလည်း အလုပ်ထုတ်ခံလိုက်ရပါတယ်။ ဒေတာ စင်တာတွေကို မောင်းနှင်နေတဲ့ Corporate Communications အဖွဲ့က ဝန်ထမ်းများစွာလည်း အလုပ်ပြုတ်သွားပါတယ်။

တွစ်တာက အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေကို နံနက် ၉ နာရီမှာ အကြောင်းကြားမယ်လို့ သောကြာနေ့မှာ အီးမေး ပို့ခဲ့ပါတယ်။ အလုပ်မထုတ်ခင်က တွစ်တာမှာ ဝန်ထမ်း ၇,၀၀၀ ကျော် ရှိပါတယ်။ အလုပ်မထုတ်ခံရတဲ့ ဝန်ထမ်းတွေကို တရားဝင် အီးမေး လိပ်စာကနေ အကြောင်းကြားမှာ ဖြစ်ပြီး အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းတွေကို Personal အီးမေး လိပ်စာကနေ အကြောင်းကြားမှာပါ။

Ref : gizchina