Twitter ဟာ လက်ရှိအချိန်မှာ အသုံးပြုသူတွေတဖြည်းဖြည်းများပြားလာပြီလို့ ပြောလို့ရပါတယ်။ အခုလည်း Twitter ကနေ UI ပိုင်းကြီးမားတဲ့ Design ပြောင်းလဲမှုအသစ်တွေကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ ပြောင်းလဲမှုတွေဟာ Website အသုံးပြုသူတွေတင်မဟုတ်ဘဲ Android နဲ့ iOS အတွက်ပါ ထုတ်ပေးထားတာဖြစ်ပါတယ်။

အရင်ဆုံးပြောင်းလဲမှုကတော့ Twitter ရဲ့ ကိုယ်ပိုင် “Chirp” လို့ နာမည်ပေးထားတဲ့ Font အသစ်ပဲဖြစ်ပါတယ်။ အဆိုပါ Chirp Font Typeface ကို ပြီးခဲ့တဲ့ ဇန်နဝါရီလထဲက မိတ်ဆက်ခဲ့တာဖြစ်ပေမယ့် အခုအချိန်မှ ပြောင်းလဲအသုံးပြုခဲ့တာဖြစ်ပါတယ်။ Twitter ရဲ့ ပြောကြားချက်အရတော့ Chirp Font ဟာ Tweet တစ်ခုရဲ့ Fun ဖြစ်မှုကို ဦးစားပေးထားသလို Serious ဖြစ်တဲ့ Tweet တွေကိုလည်း ပိုလေးနက်စေမယ်လို့ သိရပါတယ်။

ဒီလိုမျိုး Font ကို ပြောင်းလဲလိုက်တာကြောင့် Twitter ကို အသုံးပြုသူတွေအနေနဲ့ စစခြင်းမှာ အနည်းငယ် ကျင့်သားမရတာမျိုး၊ စာဖတ်ရတာ အဆင်မပြေတာမျိုး ကြုံတွေ့နိုင်တယ်လို့လည်း Twitter ကနေ သတိပေးထားပါတယ်။ ဒါပေမယ့်လည်း အချိန်ကြာလာတာနဲ့အမျှ ယခု Chirp Typeface အသစ်ဟာ ပိုပြီးကောင်းမွန်လာမှာဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်ပြောင်းလဲမှုတွေအနေနဲ့ကတော့ UI Color Palette ကို High Contrast အနေနဲ့ ပြောင်းလဲထားတာဖြစ်ပြီး ယခင်တုန်းကထက် အပြာရောင်အသုံးပြုမှုကို လျော့ချခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် အခုအချိန်မှာ In-app Icon တွေကို White သို့မဟုတ် Black ဖြင့်သာမြင်တွေ့ရတော့မှာဖြစ်ပြီး Following ပြုလုပ်ရတဲ့ Button တွေကလည်း ပြောင်းလဲသွားမှာဖြစ်ပါတယ်။ Twitter ကတော့ အခုလိုမျိုး ပြောင်းလဲလိုက်တဲ့အတွက် Color တွေပါဝင်မှုများပြားတဲ့ Content တွေအပေါ်မှာ ပိုပြီးအာရုံစိုက်နိုင်သွားမယ်လို့ ပြောကြားထားပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Twitter ရဲ့ UI Design ပြောင်းလဲမှုတွေဟာ Website အပြင် Android ၊ iOS App တွေမှာပါ အသုံးပြုနိုင်နေပြီဖြစ်ပါတယ်။ တကယ်လို့ မရရှိသေးဘူးဆိုရင်လည်း Twitter App ကို Update ပြုလုပ်ဖို့ လိုအပ်မှာပါ။

Ref – Android Central