Twitter ဟာ လက်ရှိအချိန်မှာ လူသုံးအများဆုံး Social Media တစ်ခုဖြစ်သလို မြန်မာနိုင်ငံအတွင်းမှာလည်း အသုံးပြုမှုများပြားနေပြီဖြစ်ပါတယ်။ အခုလည်း Twitter ကနေ တကယ်အသုံးပြုနေတဲ့အချိန်မှာ အသုံးဝင်လာနိုင်တဲ့ Feature တစ်ခုကို ထုတ်ပေးသွားတော့မှာဖြစ်ပါတယ်။

ဒါကတော့ Video တွေကို ကြည့်ရှုနေတဲ့အချိန်မှာ အလိုအလျောက် စာတန်း (Caption) ထိုးပေးသွားမှာပဲဖြစ်ပါတယ်။ Twitter ရဲ့ ပြောကြားချက်အရတော့ အခုလိုမျိုး အလိုအလျောက် စာတန်းထိုးပေးမယ့် Feature ဟာ တကမ္ဘာလုံးအတွက် ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ iOS နဲ့ Android App အသုံးပြုသူတွေတင်မက Web ကနေ အသုံးပြုတဲ့သူတွေပါ အသုံးပြုနိုင်မှာဖြစ်ပြီး ဘာသာစကားအများအပြားကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ အခုမှစတင်ပြီး Support ပြုလုပ်တာဖြစ်တာကြောင့် အခုနောက်ပိုင်းမှ တင်ထားတဲ့ Video တွေမှာပဲ ရရှိနိုင်ဦးမှာဖြစ်ပြီး ယခင်ထဲက တင်ထားပြီးသား Video တွေကိုတော့ အလိုအလျောက် စာတန်းထိုးပေးသွားမှာမဟုတ်ပါဘူး။

နောက်ထပ် အားနည်းချက်တစ်ခုကတော့ လောလောဆယ်မှာ တကယ်လို့ စာတန်းထိုးတာမှားယွင်းနေတယ်ဆိုရင်လည်း Report ပြုလုပ်နိုင်ခြင်းမရှိသေးတာပဲဖြစ်ပါတယ်။ ဒါပေမယ့်လည်း Twitter ကတော့ နောက်ပိုင်းမှာ ဒီလိုမျိုး Accessibility ပိုင်းနဲ့ သက်ဆိုင်တဲ့ Feature တွေကို ဆက်တိုက်ဆောင်ရွက်သွားမှာဖြစ်ပြီး ပိုပြီး Improve ဖြစ်အောင် ပြုလုပ်သွားမယ်လို့ ပြောကြားထားခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Video နဲ့ သက်ဆိုင်တဲ့ Feature တစ်ခုကတော့ အသုံးပြုတဲ့အချိန်မှာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။

Ref – The Verge