Twitter ဟာ လက်ရှိအချိန်မှာ တခြားသော Social Media နဲ့ယှဥ်ရင် ဓါတ်ပုံတင်တဲ့အချိန်မှာ Quality ကိုလျော့ချပေးခြင်းအနည်းဆုံးလို့တောင် ပြောနိုင်ပါတယ်။ တကယ်လို့ ဓါတ်ပုံပဲ တင်မယ်ဆိုရင် Web Browser ကိုအသုံးပြုပါက Original Quality နဲ့ပါ Upload ပြုလုပ်နိုင်ပါသေးတယ်။

ဒါပေမယ့်လည်း တစ်ဖက်မှာတော့ Twitter မှာ Video တွေကို Upload ပြုလုပ်မယ်ဆိုရင်တော့ တခြားသော Social Media တွေနဲ့ ယှဥ်ရင် အားနည်းနေပါသေးတယ်။ လောလောဆယ်မှာ Twitter မှာ Video Upload ပြုလုပ်မယ်ဆိုရင်လည်း Twitter ဟာ Facebook လိုမျိုး Edit ပြုလုပ်နိုင်တဲ့ Option တွေ နည်းပါးနေပါသေးတယ်။

အဲ့ဒီအတွက် Twitter ကနေ အသုံးပြုသူတွေအနေနဲ့ Video က Quality ကျသွားတာကို ဖြေရှင်းပေးလိုက်ပြီလို့ သိရပါတယ်။ Twitter ရဲ့ ပြောကြားချက်အရတော့ Video ကို Upload ပြီးတဲ့အချိန်မှာ ပါဝင်တဲ့ Pre-processing အဆင့်တစ်ခုကို ဖယ်ရှားခဲ့တာဖြစ်ပြီး အဆိုပါအဆင့်ဟာ Original Video ကို File အသေးလေးတွေအနေနဲ့ ထပ်မံခွဲခြားနေတာကြောင့် ယခင်တုန်းက Video Quality ကျသွားတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခု Twitter ကနေ ပြောင်းလဲလိုက်တာကြောင့် အခုနောက်ပိုင်း Upload ပြုလုပ်တဲ့ Video တွေဟာ ယခင်ထက် Quality ပိုင်း ပိုကောင်းလာမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခင်တုန်းက တင်ထားပြီးတဲ့ Video တွေကတော့ ပြောင်းလဲသွားမှာမဟုတ်ဘဲ Twitter Media Studio ကိုလည်း အခု Video Quality ကျဆင်းစေတဲ့အဆင့်ကို ဖယ်ရှားရသေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

Ref – Engadget