တွစ်တာဟာ ကမ္ဘာ့ လူသုံးအများဆုံး လူမှုကွန်ရက်တွေထဲက ၁ ခု ဖြစ်ပါတယ်။ Elon Musk က ဝယ်ယူမယ်လို့ ပြောခဲ့ပေမယ့် ဆုံးဖြတ်ချက်ပြောင်းသွားတဲ့အတွက် တွစ်တာက တရားစွဲထားပါတယ်။ Musk က တွစ်တာမှာ လွတ်လပ်စွာပြောဆိုရေးသားနိုင်ခွင့်ရှိရမယ်လို့ ပြောခဲ့ပါတယ်။

Twitter is testing edit tweet option

အခုတော့ တွစ်တာက ၂၀ ကြိမ်မြောက် Transparency Report ကို ထုတ်ပြန်လိုက်ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက် ၆ လအတွက် အစိုးရတွေရဲ့ အကောင့် ဒေတာတောင်းဆိုမှုတွေကို ရှင်းလင်းဖော်ပြထားပါတယ်။ ကုမ္ပဏီက အစိုးရတွေဟာ အရင်ကထက် အကောင့် ဒေတာတွေကို ပိုမို တောင်းလာကြတယ်လို့ ပြောပါတယ်။

Twitter tightens rules on the spread of misinformation - IT Security Guru

တွစ်တာက အဲဒီ ၆ လအတွင်း သတင်းအချက်အလက် ၁၉၈,၉၃၁ အတွက် အစိုးရတွေရဲ့ တောင်းဆိုမှု ၄၇,၅၇၂ ခု ရှိခဲ့တယ်လို့ ပြောပြီး ဒါဟာ စံချိန်တင် အရေအတွက် ဖြစ်ပါတယ်။ အရင်နှစ် ပထမနှစ်ဝက်ကထက် အစိုးရတွေရဲ့ တောင်းဆိုမှုဟာ ၁၀၃ ရာခိုင်နှုန်း ပိုများလာပါတယ်။ အမေရိကန်က တောင်းဆိုမှု အများဆုံး ဖြစ်ပြီး အိန္ဒိယ၊ ဂျပန်နဲ့ ပြင်သစ်တို့က တောင်းဆိုမှု ၂,၀၀၀ ဝန်းကျင်နဲ့ ဂျာမနီက တောင်းဆိုမှု ၆၃၄ ခု ရှိကြပါတယ်။

တွစ်တာက အမေရိကန် အစိုးရရဲ့ တောင်းဆိုမှုတွေထဲက ၆၉ ရာခိုင်နှုန်းကို ပေးအပ်ခဲ့ပြီး သုံးစွဲသူတွေရဲ့ အခွင့်အရေးကို ကာကွယ်တဲ့ အနေနဲ့ တောင်းဆိုမှု ၂၉ ခုကို ငြင်းဆိုခဲ့ပါတယ်။ တောင်းဆိုမှု ၁ ခုအတွက် တရားစွဲဆိုရာမှာ အောင်မြင်ခဲ့ပါတယ်။

Ref : androidpolice