တွစ်တာက ဒေါ်နယ်ထရမ့်ရဲ့ ပို့စ် ၃ ခုမှာ အလွန်အမင်း စည်းကမ်း ဖောက်ဖျက်တဲ့ အရာတွေပါနေတဲ့အတွက် အကောင့်ကို ၁၂ နာရီ ယာယီ ပိတ်ပင်ခဲ့ပါတယ်။ ထရမ့်က အဲဒီ ပို့စ် ၃ ခုကို မဖျက်ဘူး ဆိုရင် အကောင့်ကို ထာဝရ ပိတ်ပင်သွားမယ်လို့ တွစ်တာက ပြောပါတယ်။ တွစ်တာရဲ့ စည်းကမ်းကို ဖောက်ဖျက်တဲ့ ဗီဒီယို ၁ ခုကို ထရမ့် တင်ပြီးနောက်မှာ အခုလို အရေးယူခဲ့တာပါ။

ထရမ့်ဟာ လူမှုကွန်ရက် ပလက်ဖောင်းတွေရဲ့ စည်းကမ်းတွေကို အမြဲ သွေးတိုးစမ်းနေခဲ့ပေမယ့် သမ္မတ ရာထူးကြောင့် အရေးမယူခဲ့ကြပါဘူး။ နောက်ပိုင်းမှာ တွစ်တာဟာ စည်းကမ်း ချိုးဖောက်တဲ့ ထရမ့်ရဲ့ ပို့စ်ကို ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

Twitter hides Trump tweet for 'glorifying violence' - BBC News

ထရမ့် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပြီးကတည်းက တွစ်တာက သူ့ အကောင့်ကို ကန့်သတ်မှုတွေ တိုးမြှင့်ခဲ့ပါတယ်။ တွစ်တာက ထရမ့် အကောင့်ကို ဒီလ ၂၀ ရက်နေ့ပြီးနောက်မှာ အထူး အကောင့် အဖြစ်  မသတ်မှတ်တော့ဘူးလို့  အတည်ပြုခဲ့ပါတယ်။

ထရမ့်ဟာ သမ္မတ သက်တမ်းအတွင်းမှာ လူမှုကွန်ရက် ပလက်ဖောင်းတွေနဲ့ နည်းပညာ ကုမ္ပဏီတွေအပေါ် ကန့်သတ်ချုပ်ချယ်မှုတွေ အများကြီး ပြုလုပ်ခဲ့ပါတယ်။ အရင်နှစ်က သုံးစွဲသူ ဒေတာတွေ ရယူမှုနဲ့ ပတ်သက်ကာ Facebook , Google နဲ့ တွစ်တာတို့ကို အရေးယူဖို့ ကြိုးစားခဲ့ပါတယ်။ ထရမ့် သမ္မတ ရာထူးဟာ ဒီလ ၂၀ ရက်နေ့မှာ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် လူမှုကွန်ရက် ပလက်ဖောင်းတွေက သူ့ကို ပြန်လည် နှိပ်ကွပ်တော့မယ်လို့ ထင်ပါတယ်။

Ref : theverge