Twitter ဟာ ဒီနှစ်ထဲမှာ အသုံးပြုသူတွေအတွက် Feature သစ်တွေ ထုတ်ပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတာ တွေ့ရပါတယ်။ ကုမ္ပဏီဟာ Spaces, Super Follow, Blue Subscription နဲ့ အခြားလုပ်ဆောင်ချက်တွေကို မိတ်ဆက်ခဲ့ပြီ ဖြစ်ပါတယ်။

အခုလည်း Twitter ဟာ Web ပေါ်မှာ Spaces tab အသစ်ကို မိတ်ဆက်နိုင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ ဒါဟာ အသုံးပြုသူတွေအနေနဲ့ Twitter app ကတစ်ဆင့် Newsletter တွေကို Subscribe လုပ်ဖို့ ရွေးချယ်ခွင့်ပေးလိုက်တာလည်း ဖြစ်ပါတယ်။ ဒီ Feature သစ်ကို ရှာဖွေတွေ့ရှိခဲ့တာကတော့ App researcher Nima Owji ပါပဲ။

Nima Owji ဟာ ဖွံ့ဖြိုးဆဲအဆင့်သာရှိနေသေးတဲ့ Twitter features တွေကို ထုတ်ဖော်ခြင်းနဲ့ လူသိများလာသူလည်း ဖြစ်ပါတယ်။ Twitter ရဲ့ Live audio platform “Spaces” ကို ဒီနှစ်ဆန်းပိုင်းမှာ Twitter ရဲ့ Mobile app ပေါ်မှာ ဖြန့်ချိပေးခဲ့ပါတယ်။ အခုက လူမှုကွန်ရက်ရဲ့ Web version အဖြစ် တိုးချဲ့လာတာပါ။ ဒါပေမဲ့ ကုမ္ပဏီဟာ Spaces ကို ပိုပြီးတိုးတက်လာအောင် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

အသုံးပြုသူတွေဟာ သိပ်မကြာခင်မှာပဲ Twitter ရဲ့ Website မှာ Spaces tab ကို တွေ့လာကြမယ်လို့ Owji က ပြောပါတယ်။ Tab ကို အစောကတည်းက Twitter အသုံးပြုသူအချို့နဲ့စမ်းသပ်ခဲ့ပြီးဖြစ်သလို ဒါဟာ Live နဲ့ Scheduled Spaces တို့ကိုရှာဖွေဖို့ ပိုပြီးလွယ်ကူစေမှာလည်း ဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက Tab မှာ Search field တစ်ခုပါဝင်မှာပါပဲ။ ဒါဟာ အသုံးပြုသူတွေအနေနဲ့ လူမှုကွန်ရက်ပေါ်က Spaces တွေကိုရှာဖွေနိုင်ဖို့ပဲ ဖြစ်ပါလိမ့်မယ်။ Twitter ဟာ Follow လုပ်ထားတဲ့အကောင့်တွေရဲ့ Live rooms တွေကိုပဲ အဓိကထားပြသတာကြောင့် အခြားလူတွေရဲ့ Spaces တွေကိုရှာဖွေရာမှာ ရှုပ်ထွေးမှုတွေရှိနေပါတယ်။ ဒီအပြောင်းအလဲက Spaces တွေကိုရှာဖွေရာမှာ ပိုပြီးတော့လွယ်ကူထိရောက်ဖို့ ကူညီနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းအနေနဲ့ Twitter ဟာ အသုံးပြုသူတွေအနေနဲ့ Newsletter တွေကို App ကနေတိုက်ရိုက် Scuscribe လုပ်နိုင်မဲ့ Option အတွက်လည်း လုပ်ဆောင်နေတယ်လို့ Owji က ဖော်ပြထားပါတယ်။ အခုအချိန်မှာ Twitter newsletter ကို Subscribe လုပ်ဖို့တစ်ခုတည်းသောနည်းလမ်းက Link ကို အသုံးပြုသူရဲ့ email ဆီ ပို့ပေးတာပဲဖြစ်ပါတယ်။

Ref: 9To5Mac