လက်ရှိ Social Media Service တွေဖြစ်တဲ့ Facebook ၊ Messenger အပါအဝင်တခြားသော Service တွေအများအပြားဟာ ပုံမှန် Chat Message တွေအပြင် Voice Message Feature ကိုပါ အသုံးပြုနိုင်ပါတယ်။

ဒါပေမယ့်လည်း နာမည်ကြီး Social Media Service တစ်ခုဖြစ်တဲ့ Twitter ကတော့ အဆိုပါ Voice Message Feature ကို ထည့်သွင်းထားခြင်းမရှိပါဘူး။ ဒါက မကြာခင်မှာ ပြောင်းလဲသွားတော့မယ်လို့ ယူဆရပါတယ်။

ပြီးခဲ့တဲ့လပိုင်းတုန်းက Twitter ကနေ Audio Tweet Feature ကို iOS အသုံးပြုသူတွေအတွက် ထုတ်ပေးခဲ့ပြီးတော့ အခုလည်း Direct Message မှာပါ Voice Message Feature ကို အသုံးပြုနိုင်အောင် စမ်းသပ်နေတယ်လို့ သိရပါတယ်။ အဆိုပါ သတင်းကိုတော့ The Verge ကနေ ဖော်ပြခဲ့တာဖြစ်ပြီး မကြာခင်မှာ အသုံးပြုနိုင်ဖွယ်ရှိပါတယ်။

Voice Message တွေအတွက် User Interface ကတော့ ရိုးရှင်းတဲ့ Play/Pause Button နဲ့ ကြာချိန်ကိုပဲ ဖော်ပြသွားမှာဖြစ်ပါတယ်။ တကယ်လို့ တယောက်ယောက်က ပေးပို့ထားတဲ့ Voice Message ကို မနားထောင်ဖြစ်ဘူးဆိုရင်လည်း “Report Message” ဆိုတဲ့ Feature ပါဝင်မယ်လို့ သိရပါတယ်။

Twitter ကတော့ ယခု Feature ကို ဘယ်အချိန်မှာ တရားဝင်အသုံးပြုနိုင်အောင် ထုတ်ပေးသွားမလဲဆိုတာကို ပြောကြားခဲ့ခြင်းမရှိပေမယ့် ဖြစ်နိုင်တာကတော့ Audio Tweet တွေလိုမျိုးပဲ iOS အသုံးပြုသူတွေပဲ အရင်ရရှိလာနိုင်ပါတယ်။

Ref – Phone Arena