Samsung ရဲ့ ထုတ်ကုန်တွေအကြောင်းကို အဓိကထားဖော်ပြတဲ့ ဝက်ဘ်ဆိုက် Sammobile မှာ တွေ့ရတဲ့ဆောင်းပါးတစ်ပုဒ်က စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီဆောင်းပါးကို Opinion ကဏ္ဍမှာ ဖော်ပြထားတာဖြစ်ပြီး ခေါင်းစဉ်က “Samsung အနေနဲ့ ကော်ပီကူးသင့်တဲ့ iPhone ရဲ့ ကောင်းမွန်တဲ့အရာနှစ်ခု” ဆိုတာပဲ ဖြစ်ပါတယ်။

စာရေ:သူက Android အသုံးပြုသူဖြစ်ပေမဲ့ iPhone ရဲ့ မူဝါဒနဲ့ တိုးတက်ပြောင်းလဲမှုကိုလည်း အသိအမှတ်ပြု ချီးမွမ်းထားပါတယ်။ ဒါပေမဲ့ သူဟာ Samsung Fan ဖြစ်တာကြောင့် iPhone မှာရှိတဲ့ ကောင်းကွက်တချို့ကို သူနှစ်သက်တဲ့ အမှတ်တံဆိပ်ရဲ့ထုတ်ကုန်မှာလည်း ရှိစေချင်တယ်လို့ ရေးသားအကြံပြုထားတာ တွေ့ရပါတယ်။

အသံထွက်ပိုကျယ်ပြီး၊ ပိုရှင်းတဲ့ Stereo speakers
Samsung ဟာ Setreo speaker တွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်ကတည်းက Flagship တွေမှာ မိတ်ဆက်ပေးခဲ့တာပါ။ ဒါပေမဲ့ Stereo Speakers နဲ့ပတ်သက်ပြီး Samsung ရဲ့ အကောင်အထည်ဖော်မှုက သိပ်မကောင်းဘူးလို့ ဆိုပါတယ်။ အကယ်၍ iPhone နဲ့ Samsung ကို (မူရင်းစာရေးသူက Galaxy S21 Ultra ကို ရည်ညွှန်းပါတယ်) ဘေးချင်းယှဉ်ပြီးနားထောင်ရင် iPhone ရဲ့အားသာချက်က ထင်ရှားတယ်၊ iPhone 13 Pro Max ရဲ့ Stereo Speakers က အသံပိုကျယ်ပြီး Bass သံပိုမာတယ်လို့ ဆိုပါတယ်။

Samsung ကင်မရာ Lag တာကို ရှင်းလင်းပေးပါ
ဒီဆောင်းပါးကိုရေးသားတဲ့ Abhijeet M. တောင်းဆိုထားတာက Galaxy S21 စီးရီးရဲ့ Camera app မှာ Lag နေတဲ့ပြဿနာကို ရှင်းလင်းပေးဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် Zoom in, Zoom out ပြလုပ်ချိန်မှာ Lag တတ်တဲ့ပြဿနာကို Samsung အနေနဲ့ Software update နဲ့ ဖြေရှင်းပေးခဲ့ပါတယ်။ ဒါပေမဲ့ iPhone ကို မိနစ်အနည်းငယ်လောက်သုံးမိရင်တောင် Camera experience မှာ iPhone က ဘယ်လောက်တောင် ချောမွေ့ပြီး Samsung ကတော့ ဘယ်လောက်ထိဝေးဝေးမှာ ကျန်နေခဲ့လဲဆိုတာ သဘောပေါက်လာလိမ့်မ်လို့ ဆိုပါတယ်။

Photo mode ကနေ ဗီဒီယိုရိုက်ကူးဖို့အတွက် Shutter button ကို Long-press လုပ်ရာမှာလည်း iPhone ရဲ့မြန်ဆန်တဲ့တုံ့ပြန်မှု၊ Camera modes တွေကြား မြန်ဆန်တဲ့ ကူးပြောင်းမှုကို Samsung ရဲ့ Flagships တွေမှာလည်း ရှိစေချင်တယ်လို့ ဆိုထားပါတယ်။

ဒီဆောင်းပါးက Sammobile မှာ ဖော်ပြထားတဲ့ Samsung Fan တစ်ယောက်ရဲ့ ခံစားချက်ကို ဆီလျှော်အောင် ဘာသာပြန်ပြီး ထပ်ဆင့်ဖော်ပြထားတာဖြစ်ပါတယ်။ MyTech Myanmar ရဲ့စာဖတ်ပရိသတ်တွေထဲက Samsung Fan တွေရဲ့ အမြင်တွေကိုလည်း Comment မှာ ဖော်ပြပေးသွားဖို့ ဖိတ်ခေါ်လိုက်ပါရစေ။

Ref: SAMMOBILE