Zawgyi

တရုတ္အေျခစိုက္ စမတ္ဖုန္းထုတ္လုပ္သူ Meizu ဟာ မၾကာမီအခ်ိန္တုိအတြင္းမွာ ဖုန္းအသစ္အခ်ဳိ႕ကို ထပ္မံေၾကညာသြားမယ့္ အရိပ္အေယာင္ျမင္ခဲ့ရၿပီး ယေန႔မွာေတာ့ Meizu အမွတ္တံဆိပ္နဲ႔ စမတ္ဖုန္းႏွစ္လုံးဟာ တရုတ္ႏုိင္ငံအတြင္းမွာ ျဖန္႔ခ်ိဖို႔ ေထာက္ခံခ်က္ရရွိခဲ့ၿပီျဖစ္တာေၾကာင့္ သိပ္မၾကာခင္ ျမင္ေတြ႕ရေတာ့မယ္လို႔ ယူဆရပါတယ္။

အဆုိပါဟန္းဆက္ႏွစ္ခုရဲ႕ ေမာ္ဒယ္နံပါတ္ေတြကေတာ့ M928Q နဲ႔ M973Q တုိ႔ျဖစ္ၾကၿပီး ေလာေလာဆယ္မွာေတာ့ သူတုိ႔ရဲ႕နာမည္အပါအဝင္ အခ်က္အလက္ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ Meizu ရဲ႕ ၂၀၁၉ ခုႏွစ္အတြင္းမွာ ေနာက္ထပ္မိတ္ဆက္လာမယ့္ Flagship ဟန္းဆက္ေတြလို႔ေတာ့ ယူဆရပါတယ္။

အခုႏွစ္အတြင္းမွာ Meizu ဟာ စမတ္ဖုန္းအသစ္ ၃ လုံးကိုသာ မိတ္ဆက္ခဲ့ရေသးၿပီး ၄င္းတုိ႔ကေတာ့ Meizu Note 9, Meizu 16s နဲ႔ ေနာက္ဆုံးထြက္ထားတဲ့ Meizu 16Xs တုိ႔ပါ။ အဲ့ဒီထဲမွာ Meizu 16s တစ္ခုထဲသာ High-end စမတ္ဖုန္းထုတ္ကုန္သစ္အျဖစ္ သတ္မွတ္လို႔ ရမွာျဖစ္ပါတယ္။

တရုတ္အေျခစိုက္ကုမၸဏီဟာ ႏွစ္တုိင္းလိုလို အနည္းဆုံး High-end ဟန္းဆက္ ႏွစ္ခုကို မိတ္ဆက္ေလ့ရွိတာေၾကာင့္ အခုျမင္ရတဲ့ ဟန္းဆက္အသစ္ႏွစ္ခုထဲက တစ္ခုဟာ Snapdragon 855 ဒါမွမဟုတ္ 855 Plus ခ်စ္ပ္ဆက္ အသုံးျပဳလာဖို႔ မ်ားပါတယ္။ ဒါ့အျပင္ ၿပီးခဲ့တဲ့လထဲမွာ သတင္းထြက္ထားတဲ့ Meizu 16s Pro လည္း ပါေကာင္းပါေနႏုိင္ပါတယ္။ မၾကာခင္မိတ္ဆက္လာမယ္လို႔ ယူဆရတဲ့အတြက္ လာမယ့္ အခ်ိန္တုိအတြင္း ဒီဟန္းဆက္အသစ္ေတြနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ ပိုၿပီးထြက္ေပၚလာဦးမွာပါ။

Ref – Playful Droid

Unicode

တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်သူ Meizu ဟာ မကြာမီအချိန်တိုအတွင်းမှာ ဖုန်းအသစ်အချို့ကို ထပ်မံကြေညာသွားမယ့် အရိပ်အယောင်မြင်ခဲ့ရပြီး ယနေ့မှာတော့ Meizu အမှတ်တံဆိပ်နဲ့ စမတ်ဖုန်းနှစ်လုံးဟာ တရုတ်နိုင်ငံအတွင်းမှာ ဖြန့်ချိဖို့ ထောက်ခံချက်ရရှိခဲ့ပြီဖြစ်တာကြောင့် သိပ်မကြာခင် မြင်တွေ့ရတော့မယ်လို့ ယူဆရပါတယ်။

အဆိုပါဟန်းဆက်နှစ်ခုရဲ့ မော်ဒယ်နံပါတ်တွေကတော့ M928Q နဲ့ M973Q တို့ဖြစ်ကြပြီး လောလောဆယ်မှာတော့ သူတို့ရဲ့နာမည်အပါအဝင် အချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် Meizu ရဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ နောက်ထပ်မိတ်ဆက်လာမယ့် Flagship ဟန်းဆက်တွေလို့တော့ ယူဆရပါတယ်။

အခုနှစ်အတွင်းမှာ Meizu ဟာ စမတ်ဖုန်းအသစ် ၃ လုံးကိုသာ မိတ်ဆက်ခဲ့ရသေးပြီး ၎င်းတို့ကတော့ Meizu Note 9, Meizu 16s နဲ့ နောက်ဆုံးထွက်ထားတဲ့ Meizu 16Xs တို့ပါ။ အဲ့ဒီထဲမှာ Meizu 16s တစ်ခုထဲသာ High-end စမတ်ဖုန်းထုတ်ကုန်သစ်အဖြစ် သတ်မှတ်လို့ ရမှာဖြစ်ပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီဟာ နှစ်တိုင်းလိုလို အနည်းဆုံး High-end ဟန်းဆက် နှစ်ခုကို မိတ်ဆက်လေ့ရှိတာကြောင့် အခုမြင်ရတဲ့ ဟန်းဆက်အသစ်နှစ်ခုထဲက တစ်ခုဟာ Snapdragon 855 ဒါမှမဟုတ် 855 Plus ချစ်ပ်ဆက် အသုံးပြုလာဖို့ များပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့လထဲမှာ သတင်းထွက်ထားတဲ့ Meizu 16s Pro လည်း ပါကောင်းပါနေနိုင်ပါတယ်။ မကြာခင်မိတ်ဆက်လာမယ်လို့ ယူဆရတဲ့အတွက် လာမယ့် အချိန်တိုအတွင်း ဒီဟန်းဆက်အသစ်တွေနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ပိုပြီးထွက်ပေါ်လာဦးမှာပါ။

Ref – Playful Droid