[Zawgyi]

Nokia ဟာ ၂၀၁၈ ခုႏွစ္ ဇူလိုင္မွာ Nokia 3.1 စမတ္ဖုန္းကို အိႏၵိယေစ်းကြက္ကို စတင္ျဖန္႔ခ်ိခဲ့ပါတယ္။ သူ႕ရဲ႕ဆက္ခံသူအျဖစ္ Nokia 3.2 နဲ႔ 4.2 စမတ္ဖုန္းေတြဟာ အခုႏွစ္ MWC ပြဲမွာ ျပသခဲ့ၿပီး ဧၿပီလအတြင္း ထြက္လာမယ္လို႔ HMD Global ကုမၸဏီက ဆုိခဲ့တယ္။

ယေန႔မွာေတာ့ Nokia 3.2 နဲ႔ Nokia 4.2 ဖုန္းေတြကို Nokia India ရဲ႕ဝက္ဆုိက္မွာ စတင္ေတြ႕ရၿပီ ျဖစ္တဲ့အတြက္ မၾကာခင္ထြက္လာေတာ့မယ္လို႔ ယူဆရပါတယ္။

Nokia 3.2 စမတ္ဖုန္းကို Snapdragon 429 ခ်စ္ပ္ဆက္ အသုံးျပဳထားၿပီး RAM မန္မုိရီက 2 GB / 3 GB ႏွစ္မ်ဳိးေရြးခ်ယ္စရာျဖစ္ပါတယ္။ 6.26” လက္မအရြယ္ HD+ TFT LCD မ်က္ႏွာျပင္တစ္ခုပါၿပီး Android One စမတ္ဖုန္းတစ္လုံးပါ။ ဒီဖုန္းမွာ 2GB / 16 GB နဲ႔ 3GB / 32GB ဆုိၿပီး ဗားရွင္းႏွစ္မ်ဳိးထြက္လာမွာပါ။ ကင္မရာကေတာ့ ေနာက္ဖက္မွာ 13MP f/2.2 Sensor ပါဝင္ၿပီး Fingerprint လည္း ေနာက္ေက်ာမွာပါပဲ။

Nokia 4.2 ကေတာ့ Snapdragon 439 ပရုိဆက္ဆာအသုံးျပဳထားကာ 5.71” လက္မအရြယ္ HD+ Display မွာ Waterdrop Notch တစ္ခုပါဝင္ပါတယ္။ 4.2 ဟာ Android 9 Pie ကိုပဲ အသုံးျပဳလာၿပီး 13MP + 2MP အဓိကကင္မရာနဲ႔ 8MP ဆယ္ဖီကင္မရာတုိ႔ ပါလာပါတယ္။ ေနာက္ဖက္ Glass ကုိယ္ထည္မွာ Fingerprint ပါဝင္ၿပီး 3,000 mAh ဘကၳရီထည့္ထားတယ္။

ဒီဖုန္းေတြရဲ႕ အခ်က္အလက္ေတြ ေပၚထြက္လာၿပီျဖစ္တာေၾကာင့္ ထြက္ရွိမယ့္ရက္ကို မၾကာခင္ သိရေတာ့မယ္လို႔ ယူဆရပါတယ္။

Ref – Fonearena

[Unicode]

Nokia ဟာ ၂၀၁၈ ခုနှစ် ဇူလိုင်မှာ Nokia 3.1 စမတ်ဖုန်းကို အိန္ဒိယဈေးကွက်ကို စတင်ဖြန့်ချိခဲ့ပါတယ်။ သူ့ရဲ့ဆက်ခံသူအဖြစ် Nokia 3.2 နဲ့ 4.2 စမတ်ဖုန်းတွေဟာ အခုနှစ် MWC ပွဲမှာ ပြသခဲ့ပြီး ဧပြီလအတွင်း ထွက်လာမယ်လို့ HMD Global ကုမ္ပဏီက ဆိုခဲ့တယ်။

ယနေ့မှာတော့ Nokia 3.2 နဲ့ Nokia 4.2 ဖုန်းတွေကို Nokia India ရဲ့ဝက်ဆိုက်မှာ စတင်တွေ့ရပြီ ဖြစ်တဲ့အတွက် မကြာခင်ထွက်လာတော့မယ်လို့ ယူဆရပါတယ်။

Nokia 3.2 စမတ်ဖုန်းကို Snapdragon 429 ချစ်ပ်ဆက် အသုံးပြုထားပြီး RAM မန်မိုရီက 2 GB / 3 GB နှစ်မျိုးရွေးချယ်စရာဖြစ်ပါတယ်။ 6.26” လက်မအရွယ် HD+ TFT LCD မျက်နှာပြင်တစ်ခုပါပြီး Android One စမတ်ဖုန်းတစ်လုံးပါ။ ဒီဖုန်းမှာ 2GB / 16 GB နဲ့ 3GB / 32GB ဆိုပြီး ဗားရှင်းနှစ်မျိုးထွက်လာမှာပါ။ ကင်မရာကတော့ နောက်ဖက်မှာ 13MP f/2.2 Sensor ပါဝင်ပြီး Fingerprint လည်း နောက်ကျောမှာပါပဲ။

Nokia 4.2 ကတော့ Snapdragon 439 ပရိုဆက်ဆာအသုံးပြုထားကာ 5.71” လက်မအရွယ် HD+ Display မှာ Waterdrop Notch တစ်ခုပါဝင်ပါတယ်။ 4.2 ဟာ Android 9 Pie ကိုပဲ အသုံးပြုလာပြီး 13MP + 2MP အဓိကကင်မရာနဲ့ 8MP ဆယ်ဖီကင်မရာတို့ ပါလာပါတယ်။ နောက်ဖက် Glass ကိုယ်ထည်မှာ Fingerprint ပါဝင်ပြီး 3,000 mAh ဘက္ထရီထည့်ထားတယ်။

ဒီဖုန်းတွေရဲ့ အချက်အလက်တွေ ပေါ်ထွက်လာပြီဖြစ်တာကြောင့် ထွက်ရှိမယ့်ရက်ကို မကြာခင် သိရတော့မယ်လို့ ယူဆရပါတယ်။

Ref – Fonearena