သြဂုတ်လ ဒုတိယပတ် ရောက်လာချိန်မှာတော့ အမည်မသိရသေးတဲ့ Realme ဟန်းဆက်နှစ်ခုကို TENAA မှာတွေ့မြင်လာရပါတယ်။ Listing အရ ဒီ ဟန်းဆက်နှစ်ခုရဲ့ အဓိက အစိတ်အပိုင်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း သိလာရပါတယ်။ တစ်မျိုးက 90Hz AMOLED မျက်နှာပြင်နဲ့ ဖြစ်ပြီး Snapdragon 765G chipset ကို အသုံးပြုထားပါတယ်။

မော်ဒယ်နံပါတ် RMX2176 ဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက ပေါက်ကြားသတင်းတွေမှာ တွေ့မြင်ရတဲ့ ဟန်းဆက်တွေနဲ့ မကိုက်ညီတာကိုလည်းတွေ့ရပါတယ်။ 90Hz refresh rate နဲ့ 6.43-inch, 1080 x 2400px AMOLED မျက်နှာပြင်ဖြစ်ပြီး Snapdragon 765G chipset သုံးထားတယ်လို့ ဆိုနိုင်ပါတယ်။ RAM ကတော့ 6GB ဒါမှမဟုတ် 8GB LPDDR4X ဖြစ်ပြီး သိုလှောင်မှုက 128GB ဒါမှမဟုတ် 256GB UFS 2.1 တွေနဲ့ အသီးသီး တွဲဖက်ထားတယ်လို့ သိရပါတယ်။

ကျောဘက်မှာ 64MP အဓိက ကင်မရာ အပါအဝင် 8MP ultrawide, 2MP ကင်မရာ နှစ်လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာတော့ 32MP selfie ကင်မရာတစ်လုံးကို မျက်နှာပြင်ရဲ့ အပေါ်ဘက်ဘက်ထောင့်မှာ Punch-hole နဲ့အတူ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ 4,300mAh ဘက်ထရီကို ထောက်ပံ့ပေးထားပါတယ်။ ရုပ်ပုံတွေအရတော့ ငွေရောင်အမျိုးအစား ဖြစ်ပါတယ်။

မော်ဒယ်နံပါတ် RMX2176 ကတော့ 6.52-inch LPS LCD 720 x 1600px resolution မျက်နှာပြင်နဲ့ပါ။ Dimensity 720 chipset ကို အသုံးပြုထားပြီး 4/6/8GB of RAM တွေနဲ့ တွဲဖက်ထားပါတယ်။ သိုလှောင်မှုပမာဏကတော့ 4 နဲ့ 6GB အတွက် 64GB ဖြစ်ပြီး 8GB RAM ဗားရှင်းအတွက် 256GB လို့ သိရပါတယ်။

ကျောဘက်မှာ 13MP အဓိကကင်မရာကို 2MP macro နဲ့ 2MP depth sensor တွေနဲ့ တွဲဖက်ပေးထားတယ်လို့ သိရပါတယ်။ အရှေ့ဘက်မှာတော့ 8MP selfie ကင်မရာတစ်လုံးရှိနေမှာဖြစ်ပြီး ဘက်ထရီပမာဏကတော့ 5,000mAh နဲ့ အမြန်အားသွင်းစနစ်ထောက်ပံ့ထားတယ်လို့ သိရပါတယ်။

Ref: GSM Arena