[Zawgyi]

လြန္ခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေအာက္တိုဘာလတုန္းက Apple ဟာ Wisconsin တကၠသိုလ္နဲ႔ သက္ဆိုင္တဲ့ မူပိုင္ခြင့္ကို ၿငိစြန္းၾကာင္း ခုံသမာဓိအဖြဲက ဆုံးျဖတ္ခဲ့ပါတယ္။ ပ႐ိုဆက္ဆာေတြကို ပိုၿပီးထိထိေရာက္ေရာက္ ေမာင္းႏွင္ႏိုင္တဲ့ နည္းပညာဟာ မူပိုင္ခြင့္တင္ထားတာ ျဖစ္ေပမယ့္ Apple က ၿငိစြန္းခဲ့တယ္လို႔ စြပ္စြဲခဲ့တာပါ။

Apple iPhone 5s မွာသုံးတဲ့ A7, iPhone 6, iPhone 6 Plus တို႔မွာသုံးတဲ့ A8 နဲ႔ iPad ေမာ္ဒယ္အခ်ိဳ႕မွာ အသုံးျပဳခဲ့တဲ့ A8X တို႔ဟာ ဒီနည္းပညာ မူပိုင္ခြင့္ကို ၿငိစြန္းခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတာ ျဖစ္ပါတယ္။ မူပိုင္ခြင့္ေအာက္က နည္းပညာကို Speculative processing လို႔ လူသိမ်ားပါတယ္။

၂၀၁၅ မွာေတာ့ Apple ဟာ Wisconsin တကၠသိုလ္ရဲ႕ Alumni သုေတသနေဖာင္ေဒးရွင္း (WARF) ကို အေမရိကန္ေဒၚလာ ၂၃၄ သန္း ေပးခဲ့ရပါတယ္။ ဒါေပမယ့္ အဲဒီေနာက္မွာလည္း Apple ဟာ ၂၀၁၆ မွာ သက္တမ္းကုန္သြားတဲ့ မူပိုင္ခြင့္ကို ဆက္လက္ၿငိစြန္းတယ္လို႔ တရား႐ုံးကသတ္မွတ္ၿပီး ေနာက္ထပ္မ်ားျပားတဲ့ ေငြေၾကးပမာဏအျဖစ္ ေဒၚလာ ၅၀၆.၁ သန္း ဒဏ္ေၾကးခ်မွတ္ခံခဲ့ရပါေသးတယ္။

ဒါေပမယ့္လည္း အေမရိကန္တရား႐ုံးက ၂၀၁၆ ေနာက္ပိုင္းမွာေတာ့ Apple ဟာ မူပိုင္ခြင့္ကို ၿငိစြန္းျခင္း မရွိခဲ့ဘူးလို႔ ျပန္လည္ဆုံးျဖတ္ခဲ့တာေၾကာင့္ ဒုတိယအႀကိမ္ ေပးေဆာင္ရမယ့္ ဒဏ္ေၾကးေငြ ေဒၚလာ ၅၀၆.၁ သန္းကို ေပးေဆာင္စရာမလိုဘဲ ျဖစ္ခဲ့ရပါတယ္။

အေၾကာင္းရင္းကေတာ့ ျပည္နယ္တရား႐ုံးရဲ႕ မူပိုင္ခြင့္အေပၚ အနက္အဓိပၸါယ္ေကာက္ယူမႈလြဲမွားတယ္လို႔ အေမရိကန္ တရား႐ုံးခ်ဳပ္က သတ္မွတ္ခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အမႈကို ဆက္လက္ၾကားနာစစ္ေဆးဖို႔ မရွိေတာ့ဘဲ Apple ဟာလည္း (WARF) ကို ထပ္ၿပီးေပးရမယ့္ ေဒၚလာ ၅၀၆.၁ သန္းကို တစ္ျပားမွ ေပးစရာမလိုေတာ့ဘဲ အမႈၿပီးျပတ္ခဲ့တာ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

ဒေါ်လာ ၅၀၆.၁ သန်း လျော်ကြေးပေးစရာမလိုတော့တဲ့ Apple

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်အောက်တိုဘာလတုန်းက Apple ဟာ Wisconsin တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်ကို ငြိစွန်းကြာင်း ခုံသမာဓိအဖွဲက ဆုံးဖြတ်ခဲ့ပါတယ်။ ပရိုဆက်ဆာတွေကို ပိုပြီးထိထိရောက်ရောက် မောင်းနှင်နိုင်တဲ့ နည်းပညာဟာ မူပိုင်ခွင့်တင်ထားတာ ဖြစ်ပေမယ့် Apple က ငြိစွန်းခဲ့တယ်လို့ စွပ်စွဲခဲ့တာပါ။

Apple iPhone 5s မှာသုံးတဲ့ A7, iPhone 6, iPhone 6 Plus တို့မှာသုံးတဲ့ A8 နဲ့ iPad မော်ဒယ်အချို့မှာ အသုံးပြုခဲ့တဲ့ A8X တို့ဟာ ဒီနည်းပညာ မူပိုင်ခွင့်ကို ငြိစွန်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။ မူပိုင်ခွင့်အောက်က နည်းပညာကို Speculative processing လို့ လူသိများပါတယ်။

၂၀၁၅ မှာတော့ Apple ဟာ Wisconsin တက္ကသိုလ်ရဲ့ Alumni သုတေသနဖောင်ဒေးရှင်း (WARF) ကို အမေရိကန်ဒေါ်လာ ၂၃၄ သန်း ပေးခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာလည်း Apple ဟာ ၂၀၁၆ မှာ သက်တမ်းကုန်သွားတဲ့ မူပိုင်ခွင့်ကို ဆက်လက်ငြိစွန်းတယ်လို့ တရားရုံးကသတ်မှတ်ပြီး နောက်ထပ်များပြားတဲ့ ငွေကြေးပမာဏအဖြစ် ဒေါ်လာ ၅၀၆.၁ သန်း ဒဏ်ကြေးချမှတ်ခံခဲ့ရပါသေးတယ်။

ဒါပေမယ့်လည်း အမေရိကန်တရားရုံးက ၂၀၁၆ နောက်ပိုင်းမှာတော့ Apple ဟာ မူပိုင်ခွင့်ကို ငြိစွန်းခြင်း မရှိခဲ့ဘူးလို့ ပြန်လည်ဆုံးဖြတ်ခဲ့တာကြောင့် ဒုတိယအကြိမ် ပေးဆောင်ရမယ့် ဒဏ်ကြေးငွေ ဒေါ်လာ ၅၀၆.၁ သန်းကို ပေးဆောင်စရာမလိုဘဲ ဖြစ်ခဲ့ရပါတယ်။

အကြောင်းရင်းကတော့ ပြည်နယ်တရားရုံးရဲ့ မူပိုင်ခွင့်အပေါ် အနက်အဓိပ္ပါယ်ကောက်ယူမှုလွဲမှားတယ်လို့ အမေရိကန် တရားရုံးချုပ်က သတ်မှတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အမှုကို ဆက်လက်ကြားနာစစ်ဆေးဖို့ မရှိတော့ဘဲ Apple ဟာလည်း (WARF) ကို ထပ်ပြီးပေးရမယ့် ဒေါ်လာ ၅၀၆.၁ သန်းကို တစ်ပြားမှ ပေးစရာမလိုတော့ဘဲ အမှုပြီးပြတ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Phone Arena