Huawei ကနေ တရုတ်နိုင်ငံအတွက် Mid Range 5G စမတ်ဖုန်းအသစ်ဖြစ်တဲ့ Huawei Enjoy Z 5G ဖုန်းကို တရားဝင်မိတ်ဆက်လိုက်ပါပြီ။ အဆိုပါ Huawei Enjoy Z 5G ဖုန်းရဲ့ထူးခြားချက်ကတော့ Huawei ရဲ့ ကိုယ်ပိုင် Kirin Chipset အစား MediaTek Dimensity 800 5G Chipset ကို အသုံးပြုထားတာပဲဖြစ်ပါတယ်။

Huawei Enjoy Z 5G ဖုန်းမှာ 6.5″ Full HD+ LCD Display ပါဝင်မှာဖြစ်ပြီး 91.2% Screen-to-Body Ratio ရှိတယ်လို့ သိရပါတယ်။ Selfie Camera ကို Dewdrop Notch Design ပြုလုပ်ထားတာဖြစ်ပြီး 90Hz Refresh Rate အပြင် 180Hz Touch Sampling Rate ကို Support ပြုလုပ်နိုင်မှာပါ။

Chipset ပိုင်းအနေနဲ့ကတော့ MediaTek ရဲ့ Dimensity 800 5G Chipset ကို အသုံးပြုထားမှာဖြစ်ပြီး အဆိုပါ Chipset ဟာ 7nm Architecture ကို အခြေခံထားမယ့်အပြင် Octa-Core 2.0GHz အမျိုးအစားဖြစ်ပါတယ်။ GPU အနေနဲ့ NATT MC4 GPU ကို အသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်းမှာ Qualcomm Snapdragon 730 လိုမျိုး Chipset တွေထက် ပိုကောင်းတယ်လို့ ပြောနိုင်မှာပါ။

RAM နဲ့ Storage ပိုင်းမှာကတော့ RAM 6GB + 64GB ၊ RAM 6GB + 128GB နဲ့ RAM 8GB + 128GB ဆိုပြီး ၃ မျိုးထုတ်ထားသလို NanoMemory Card ကနေလည်း 256GB အထိ ထပ်မံတိုးချဲ့နိုင်ဦးမှာဖြစ်ပါတယ်။

Camera ပိုင်းမှာတော့ 48MP Primary Sensor ၊ 8MP Ultrawide Sensor နဲ့ 2MP Macro Sensor တွေပါဝင်တဲ့ Triple Camera Setup ကို အသုံးပြုထားပြီး Selfie Camera အနေနဲ့ကတော့ 16MP Camera ပါဝင်မှာဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ကတော့ 4000mAh Battery ပါဝင်မှာဖြစ်ပြီး 22.5W Fast Charging ကို Support ပြုလုပ်မှာဖြစ်ပါတယ်။

စျေးနှုန်းအနေနဲ့ကတော့ RAM 6GB + 64GB Version ကို 1,699 Yuan (မြန်မာငွေ ၃ သိန်း ၃ သောင်းဝန်းကျင်) ၊ RAM 6GB + 128GB Version ကို 1,899 Yuan (မြန်မာငွေ ၃ သိန်း ၈ သောင်းဝန်းကျင်) နဲ့ RAM 8GB + 128GB ကို 2,199 Yuan (မြန်မာငွေ ၄ သိန်း ၃ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။

Ref – Gizmo China