Uber က ယာဉ်မောင်းတွေ နှာခေါင်းစီး တပ်လားဆိုတာ AI သုံးပြီး စစ်ဆေးနေပါတယ်။ ယာဉ်မောင်းတွေဟာ အွန်လိုင်းပေါ်တက်ပြီး ဆဲလ်ဖီး ရိုက်ရမှာပါ။ အဲဒီနောက်မှာ AI က နှာခေါင်းစည်း တပ်ထားလားဆိုတာ စစ်ဆေးမှာပါ။ ခရီးသည်တွေကလည်း နှာခေါင်းစီး တပ်ရမှာဖြစ်ပေမယ့် ဆဲလ်ဖီးနဲ့ စစ်ဆေးဖို့ မလိုအပ်ပါဘူး။ Uber ရဲ့ ယာဉ်မောင်းနဲ့ ထုတ်ကုန် လုံခြုံရေး အကြီးအကဲ Sachin Kansal က “ ကုမ္ပဏီမှာ Framework လို သုံးဖို့ Driver Verification Feature ဖြစ်တဲ့ Real-time ID Check ရှိပြီးသားပါ။ အလားတူ Framework မျိုး စီးနင်းသူတွေအတွက် မရှိသေးပါဘူး။ တတ်နိုင်သလောက် မြန်မြန် ဖန်တီးဖို့ ရည်ရွယ်ထားပါတယ်။ “ လို့ ပြောပါတယ်။

Real-time ID Check ဟာ မိန်းမလျာတွေရဲ့ မျက်နှာကို ခွဲခြားတဲ့အခါမှာ မမှန်တာတွေရှိခဲ့ဖူးပါတယ်။ ဒါပေမယ့် Uber က နည်းပညာ အသစ်ဟာ နှာခေါင်းစီး တပ်ထားလားဆိုတာကိုပဲ စစ်ဆေးမှာ ဖြစ်ပြီး Biometric Data တွေကို သုံးတာ၊ တခြား ယာဉ်မောင်းတွေရဲ့ ဆဲလ်ဖီးတွေနဲ့ နှိုင်းယှဉ်တာတွေ မလုပ်ဘူးလို့ ပြောပါတယ်။

Uber က အဲဒီ နည်းပညာ အလုပ်လုပ်ပုံကို ရှင်းပြထားပြီး AI ကို လှည့်စားလို့ မရအောင် ပြုလုပ်ထားပါတယ်။ ယာဉ်မောင်း ဝတ်ဆင်ရမယ့် နှာခေါင်းစီး အမျိုးအစားကို သတ်မှတ်ထားတာ မရှိဘဲ နှာခေါင်းကနေ မေးစေ့အထိ ဖုံးအုပ်ထားရင် အိုကေပါတယ်။

Uber က လူတွေ တက္ကစီ ပြန်စီးလာဖို့ ဒီ AI နည်းပညာက တွန်းအားပေးမယ်လို့ ယုံကြည်ထားပါတယ်။ ကားမထွက်ခင်မှာ ယာဉ်မောင်းတွေဟာ ကိုရိုနာဗိုင်းရက်စ် လက္ခဏာတွေ မရှိဘူးဆိုတာလည်း အတည်ပြုထားရမှာဖြစ်ပြီး ကားကို ပိုးသတ်ထားရမှာပါ။ လက် မကြာခဏ ဆေးရမှာ ဖြစ်ပြီး လေဝင်လေထွက် ကောင်းစေဖို့ ပြတင်းပေါက်ကို ဖွင့်ထားရမှာပါ။ စီးနင်းသူတွေကို အနောက်မှာပဲ ထိုင်ဖို့ ညွှန်ကြားထားပါတယ်။

ကားခေါ်ထားသူဆီ ရောက်တဲ့ အခါမှာ နှာခေါင်းစီး မတပ်ထားရင် ယာဉ်မောင်းက ခရီးစဉ်ကို ဖျက်သိမ်းနိုင်ပါတယ်။ ခရီးသည်တွေ ကားရှာတဲ့ အခါမှာလည်း နှာခေါင်းစီး တပ်ဖို့ သတိပေးမှာပါ။ Uber က ဇွန်လကုန်အထိ အဲဒီ စည်းကမ်းတွေ အတိုင်း ဆောင်ရွက်မယ်လို့ ပြောပါတယ်။

Ref : tnw