[Unicode]

Uber က နည်းပညာမြင့် လေယာဉ် တက္ကစီတွေကို ဖန်တီးနေပါတယ်။ အခုတော့ ကယ်လီဖိုးနီးယား အခြေစိုက် အာကာသ ကုမ္ပဏီ Joby Aviation က Uber နဲ့ ပူးပေါင်းလိုက်ပြီး အလန်စား လေယာဉ် တက္ကစီတွေ ဖန်တီးကြတော့မှာပါ။ Uber က ၂၀၂၃ ခုနှစ်မှာ လေယာဉ် တက္ကစီ ဝန်ဆောင်မှုကို စတင် ပြုလုပ်ပေးဖို့ စီစဉ်ထားပြီး အခုတော့ Joby ရဲ့ ပူးပေါင်းမှုကြောင့် အားတက်စရာ ဖြစ်လာပါတယ်။

Joby က သူ့ရဲ့ လေယာဉ်တွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားပါသေးတယ်။ ဒါပေမယ့် ပေါက်ကြားထွက်ပေါ်နေတဲ့ ဓါတ်ပုံအရ Joby ရဲ့ လေယာဉ် သို့မဟုတ် ဒရုန်းမှာ ပန်ကာ ၁၂ လုံးပါပြီး ခရီးသည် ၄ ဦး စီးနင်းနိုင်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ ၁ ယောက်က အဲဒီ လေယာဉ် မဟုတ်ဘဲ Joby ဖန်တီးနေတာက အသစ်စက်စက် ဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္ပဏီက နမူနာ လေယာဉ်ရဲ့ ဓါတ်ပုံတွေကို မချပြသေးပါဘူး။

Uber က Joby နဲ့ ကာလကြာ စာချုပ်ချုပ်ပြီးပြီ ဖြစ်ပြီး သုံးစွဲသူတွေ စိတ်ချယုံကြည်ရတဲ့၊ ကုန်ကျစားရိတ် သက်သာတဲ့ လေယာဉ် တက္ကစီ ဝန်ဆောင်မှုကို နိုင်ငံတချို့မှာ ဝန်ဆောင်မှုပေးမယ်လို့ ပြောပါတယ်။ ကုမ္ပဏီ ၂ ခုရဲ့ စာချုပ်ပါ အချက်အလက်တွေကို မသိရသေးပါဘူး။ ဒါပေမယ့် ကုမ္ပဏီ ၂ ခုက သူတို့ရဲ့ လုပ်ငန်းတာဝန်တွေကို ပြောပြထားပါတယ်။ Joby က အီလက်ထရစ် လေယာဉ် တက္ကစီတွေ ထုတ်လုပ်ပေးမှာ ဖြစ်ပြီး Uber က လေကြောင်း ထိန်းချုပ်မှု၊ Landing Pad တည်ဆောက်မှု၊ ကားတက္ကစီတွေနဲ့ လေယာဉ် တက္ကစီတွေဆီ ပို့ဆောင်ပေးတာတွေကို တာဝန်ယူပေးမှာ ဖြစ်ပါတယ်။

Joby ဟာ Uber ပူးပေါင်းတဲ့ ၁ ခုထဲသော ပါတနာ မဟုတ်ပါဘူး။ Uber ဟာ အရင်ကလည်း အာကာသ ကုမ္ပဏီတွေ ဖြစ်တဲ့ Jaunt, Embraer, Pipistrel, Karem Aircraft, Aurora Flight Sciences နဲ့ Bell တို့နဲ့ ပူးပေါင်းထားတယ်လို့ ကြေညာထားပါတယ်။

Ref : theverge

[Zawgyi]

Uber က ၂၀၂၃ ခုႏွစ္မွာ ေလယာဥ္ တကၠစီ ၀န္ေဆာင္မႈကို ျပဳလုပ္ဖို႔ စီစဥ္ေန

Uber က နည္းပညာျမင့္ ေလယာဥ္ တကၠစီေတြကို ဖန္တီးေနပါတယ္။ အခုေတာ့ ကယ္လီဖိုးနီးယား အေျခစိုက္ အာကာသ ကုမၸဏီ Joby Aviation က Uber နဲ႔ ပူးေပါင္းလိုက္ၿပီး အလန္စား ေလယာဥ္ တကၠစီေတြ ဖန္တီးၾကေတာ့မွာပါ။ Uber က ၂၀၂၃ ခုႏွစ္မွာ ေလယာဥ္ တကၠစီ ၀န္ေဆာင္မႈကို စတင္ ျပဳလုပ္ေပးဖို႔ စီစဥ္ထားၿပီး အခုေတာ့ Joby ရဲ႕ ပူးေပါင္းမႈေၾကာင့္ အားတက္စရာ ျဖစ္လာပါတယ္။

Joby က သူ႔ရဲ႕ ေလယာဥ္ေတြနဲ႔ ပတ္သက္ၿပီး လွ်ိဳ႕၀ွက္ထားပါေသးတယ္။ ဒါေပမယ့္ ေပါက္ၾကားထြက္ေပၚေနတဲ့ ဓါတ္ပံုအရ Joby ရဲ႕ ေလယာဥ္ သို႔မဟုတ္ ဒရုန္းမွာ ပန္ကာ ၁၂ လံုးပါၿပီး ခရီိးသည္ ၄ ဦး စီးနင္းႏိုင္ပါတယ္။ ဒါေပမယ့္ ကုမၸဏီရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ၁ ေယာက္က အဲဒီ ေလယာဥ္ မဟုတ္ဘဲ Joby ဖန္တီးေနတာက အသစ္စက္စက္ ျဖစ္တယ္လို႔ ေျပာပါတယ္။ ကုမၸဏီက နမူနာ ေလယာဥ္ရဲ႕ ဓါတ္ပံုေတြကို မခ်ျပေသးပါဘူး။

Uber က Joby နဲ႔ ကာလၾကာ စာခ်ဳပ္ခ်ဳပ္ၿပီးၿပီ ျဖစ္ၿပီး သံုးစြဲသူေတြ စိတ္ခ်ယံုၾကည္ရတဲ့၊ ကုန္က်စားရိတ္ သက္သာတဲ့ ေလယာဥ္ တကၠစီ ၀န္ေဆာင္မႈကို ႏိုင္ငံတခ်ိဳ႕မွာ ၀န္ေဆာင္မႈေပးမယ္လို႔ ေျပာပါတယ္။ ကုမၸဏီ ၂ ခုရဲ႕ စာခ်ဳပ္ပါ အခ်က္အလက္ေတြကို မသိရေသးပါဘူး။ ဒါေပမယ့္ ကုမၸဏီ ၂ ခုက သူတို႔ရဲ႕ လုပ္ငန္းတာ၀န္ေတြကို ေျပာျပထားပါတယ္။ Joby က အီလက္ထရစ္ ေလယာဥ္ တကၠစီေတြ ထုတ္လုပ္ေပးမွာ ျဖစ္ၿပီး Uber က ေလေၾကာင္း ထိန္းခ်ဳပ္မႈ၊ Landing Pad တည္ေဆာက္မႈ၊ ကားတကၠစီေတြနဲ႔ ေလယာဥ္ တကၠစီေတြဆီ ပို႔ေဆာင္ေပးတာေတြကို တာ၀န္ယူေပးမွာ ျဖစ္ပါတယ္။

Joby ဟာ Uber ပူးေပါင္းတဲ့ ၁ ခုထဲေသာ ပါတနာ မဟုတ္ပါဘူး။ Uber ဟာ အရင္ကလည္း အာကာသ ကုမၸဏီေတြ ျဖစ္တဲ့ Jaunt, Embraer, Pipistrel, Karem Aircraft, Aurora Flight Sciences နဲ႔ Bell တို႔နဲ႔ ပူးေပါင္းထားတယ္လို႔ ေၾကညာထားပါတယ္။

Ref : theverge