[Zawgyi]

ၿပီးခဲ့တဲ့ မတ္လတုန္းက အရီဇိုးနားမွာ Uber ရဲ႕ ေမာင္းသူမဲ့ကားေၾကာင့္ ယာဥ္မေတာ္တဆျဖစ္ၿပီး လူတစ္ဦး ေသဆုံးခဲ့ရပါတယ္။ ဒီျဖစ္ရပ္ေၾကာင့္ Uber ဟာ သူ႔ရဲ႕ ေမာင္းသူမဲ့ကားေတြကို လမ္းမေပၚကေန ဖယ္ရွားခဲ့ရပါတယ္။ ဒါေပမယ့္ ႏိုဝင္ဘာလဆန္းေလာက္မွာေတာ့ Uber ဟာ ေမာင္းသူမဲ့ကားေတြကို ျပန္လည္စမ္းသပ္မယ္လို႔ သတင္းထြက္ေပၚလာခဲ့ပါေသးတယ္။

ဥပေဒပိုင္းဆိုင္ရာ စုံစမ္းစစ္ေဆးမႈေတြကို ရင္ဆိုင္ခဲ့ၿပီးတဲ့ေနာက္ Uber က Pennsylvania သယ္ယူပို႔ေဆာင္ေရးဦးစီးဌာနရဲ႕ ခြင့္ျပဳခ်က္နဲ႔အတူ အမ်ားသုံးလမ္းမေတြေပၚ ျပန္ေရာက္ခဲ့ၿပီ ျဖစ္ပါတယ္။ ဒါ့အျပင္ ဆန္ဖရန္စစၥကိုနဲ႔ တို႐ြန္တိုၿမိဳ႕ေတြရဲ႕ လမ္းေတြမွာလည္း ျပန္လည္စမ္းသပ္ေမာင္းႏွင္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

Uber အေနနဲ႔ ျပန္လည္စမ္းသပ္ေမာင္းႏွင္ခြင့္ ရရွိခဲ့ေပမယ့္လည္း အလိုအေလ်ာက္ေမာင္းႏွင္စနစ္ကို အျပည့္အဝ အသုံးခ်ဦးမွာ မဟုတ္ဘူးလို႔ သိရပါတယ္။ အရင္ဦးဆုံး စမ္းသပ္ေမာင္းႏွင္မယ့္ကားေရွ႕ခန္းမွာ လူႏွစ္ေယာက္က လိုက္ပါေစာင့္ၾကည့္မွာ ျဖစ္ပါတယ္။ သူတို႔ႏွစ္ေယာက္က လိုအပ္လာခ်ိန္မွာ ကားကို ထိန္းခ်ဳပ္သြားမွာလည္း ျဖစ္ပါတယ္။

မတ္လတုန္းက ျဖစ္ေပၚခဲ့တဲ့ ယဥ္တိုက္မႈမွာ Uber ရဲ႕ေမာင္းသူမဲ့ကားဟာ လမ္းမေပၚမွာ ယဥ္တိုက္မႈျဖစ္ဖို႔ ၆ စကၠန႔္အလိုမွာ အမ်ိဳးသမီးကို ေတြ႕ခဲ့ေပမယ့္လည္း ေနာက္ဆုံးစကၠန႔္ပိုင္းအလိုထိ ဘရိတ္မအုပ္ႏိုင္ခဲ့ဘူးလို႔ စုံစမ္းစစ္ေဆးမႈေတြအရ သိခဲ့ရပါတယ္။ ဒါဟာ ကားရဲ႕ အလိုအေလ်ာက္ အေရးေပၚဘရိအုပ္စနစ္ကို ပိတ္ထားတာ၊ ဒါမွဟုတ္ ခ်ိဳ႕ယြင္းေနတာေၾကာင့္ ျဖစ္ႏိုင္ေၾကာင္း သုံးသပ္ခဲ့ၾကပါတယ္။

 

Ref: Cnet

 

[Unicode]

ပြီးခဲ့တဲ့ မတ်လတုန်းက အရီဇိုးနားမှာ Uber ရဲ့ မောင်းသူမဲ့ကားကြောင့် ယာဥ်မတော်တဆဖြစ်ပြီး လူတစ်ဦး သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်ရပ်ကြောင့် Uber ဟာ သူ့ရဲ့ မောင်းသူမဲ့ကားတွေကို လမ်းမပေါ်ကနေ ဖယ်ရှားခဲ့ရပါတယ်။ ဒါပေမယ့် နိုဝင်ဘာလဆန်းလောက်မှာတော့ Uber ဟာ မောင်းသူမဲ့ကားတွေကို ပြန်လည်စမ်းသပ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါသေးတယ်။

ဥပဒေပိုင်းဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ရင်ဆိုင်ခဲ့ပြီးတဲ့နောက် Uber က Pennsylvania သယ်ယူပို့ဆောင်ရေးဦးစီးဌာနရဲ့ ခွင့်ပြုချက်နဲ့အတူ အများသုံးလမ်းမတွေပေါ် ပြန်ရောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ဆန်ဖရန်စစ္စကိုနဲ့ တိုရွန်တိုမြို့တွေရဲ့ လမ်းတွေမှာလည်း ပြန်လည်စမ်းသပ်မောင်းနှင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

Uber အနေနဲ့ ပြန်လည်စမ်းသပ်မောင်းနှင်ခွင့် ရရှိခဲ့ပေမယ့်လည်း အလိုအလျောက်မောင်းနှင်စနစ်ကို အပြည့်အဝ အသုံးချဦးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ အရင်ဦးဆုံး စမ်းသပ်မောင်းနှင်မယ့်ကားရှေ့ခန်းမှာ လူနှစ်ယောက်က လိုက်ပါစောင့်ကြည့်မှာ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က လိုအပ်လာချိန်မှာ ကားကို ထိန်းချုပ်သွားမှာလည်း ဖြစ်ပါတယ်။

မတ်လတုန်းက ဖြစ်ပေါ်ခဲ့တဲ့ ယဉ်တိုက်မှုမှာ Uber ရဲ့မောင်းသူမဲ့ကားဟာ လမ်းမပေါ်မှာ ယဉ်တိုက်မှုဖြစ်ဖို့ ၆ စက္ကန့်အလိုမှာ အမျိုးသမီးကို တွေ့ခဲ့ပေမယ့်လည်း နောက်ဆုံးစက္ကန့်ပိုင်းအလိုထိ ဘရိတ်မအုပ်နိုင်ခဲ့ဘူးလို့ စုံစမ်းစစ်ဆေးမှုတွေအရ သိခဲ့ရပါတယ်။ ဒါဟာ ကားရဲ့ အလိုအလျောက် အရေးပေါ်ဘရိအုပ်စနစ်ကို ပိတ်ထားတာ၊ ဒါမှဟုတ် ချို့ယွင်းနေတာကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ခဲ့ကြပါတယ်။

 

Ref: Cnet