အခုအချိန်ဟာ Cryptocurrency ပိုင်းကို စိတ်ဝင်စားမှုမြင့်တက်လာသလို Blockchain နဲ့ NFT စျေးကွက်ဟာလည်း တဟုန်ထိုးတိုးတက်လာတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ကုမ္ပဏီတွေအများအပြားက Blockchain နည်းပညာကို အသုံးချဖို့ဆောင်ရွက်လာကြပြီး အဲ့ဒီထဲမှာ နာမည်ကြီး US ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Ubisoft လည်းပါဝင်ပါတယ်။

Ubisoft ဟာ Blockchain အပေါ်မှာ ယခင်ထဲက ရင်းနှီးမြုပ်နှံ့မှုတွေ ပြုလုပ်ထားတဲ့ကုမ္ပဏီတစ်ခုဖြစ်သလို အခုလည်း IBTimes ရဲ့ ဖော်ပြချက်အရ Ubisoft ကနေ Blockchain ကို အခြေခံထားတဲ့ ဂိမ်းတွေကိုပါ ထုတ်လုပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ Blockchain ဂိမ်းတွေဟာ အနည်းငယ်ရှိနေပြီဆိုပေမယ့် Ubisoft လိုမျိုး ဂိမ်းကုမ္ပဏီကြီးတွေက ထုတ်လုပ်တာမျိုးကတော့ မရှိသေးဘူးဖြစ်ပါတယ်။

Ubisoft ကုမ္ပဏီရဲ့ Chief Financial Officer ဖြစ်တဲ့ Frederick Duguet ရဲ့ ပြောကြားချက်အရတော့ Blockchain နည်းပညာဟာ Play-To-Earn ဂိမ်းတွေကို ပိုပြီးအသုံးချနိုင်စေမှာဖြစ်ပြီး ဆော့ကစားသူတွေကို ကိုယ်ပိုင် Content တွေရရှိနိုင်စေပြီး ဆုကြေးတွေကို ရယူနိုင်စေမှာဖြစ်တယ်လို့ သိရပါတယ်။ Ubisoft ဟာ လက်ရှိအချိန်မှာ Blockchain ကို ဆောင်ရွက်နေတဲ့ ကုမ္ပဏီအသေးတွေအများအပြားနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး နောက်ပိုင်းမှာ Blockchain ဂိမ်းလောကထဲမှာ အဓိက ကစားသမားဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း Ubisoft ကနေ ဆောင်ရွက်သွားမယ့် Blockchain ဂိမ်းတွေဟာ ဘယ်လိုပုံစံမျိုးဖြစ်လာမလဲဆိုတာကိုတော့ အတိအကျမသိရသေးဘူးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Blockchain ဂိမ်းတွေဟာ NFT တွေကို အချင်းချင်းရောင်းဝယ်မှုတွေ ပြုလုပ်တာလည်းပါဝင်ပေမယ့် Ubisoft ကတော့ NFT ဆိုတဲ့ အသုံးအနှုန်းကို တရားဝင်ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဘာပဲဖြစ်ဖြစ် Ubisoft က Blockchain နည်းပညာဟာ ရေရှည်အတွက် အလွန်စိတ်ဝင်စားဖို့ကောင်းနေပြီးတော့ ဂိမ်း Industry အတွက် လုံးဝပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

Ref – The Gamer