ယူကေအစိုးရဟာ ရင်းနှီးမြှုပ်နှံသူတွေရဲ့ ငွေကြေးကိုဆုံးရှုံးစေတဲ့ “အထင်လွဲမှားစေတဲ့” Crypto Ads တွေကို ဖြိုခွဲမှာဖြစ်ပြီး ပိုမိုတင်းကြပ်တဲ့စီစစ်မှုအောက်မှာ ကြော်ငြာတွေကို ထားရှိမယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါ နေ့ကထုတ်ပြန်တဲ့ အဆိုပြုချက်တွေအရ ဒီကိစ္စကို ဘဏ္ဍာရေးဝန်ကြီး Rishi Sunak က စီစဉ်နေတာပဲ ဖြစ်ပါတယ်။

ယူကေအစိုးရက ငွေကြေးကြော်ငြာခြင်းဆိုင်ရာ တည်ဆဲဥပဒေကို ပြင်ဆင်ဖို့ပြုလုပ်နေရာမှာ Crypto လည်း ပါဝင်လာတာ ဖြစ်ပါတယ်။ အကယ်၍ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုထုတ်ကုန်တွေကို အရောင်းမြှင့်တင်ချင်တယ်ဆိုရင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ ခွင့်ပြုချက်ရရှိဖို့ လိုအပ်လာတာလည်း ဖြစ်ပါတယ်။

ငွေကြေးကုမ္ပဏီတွေကို ထိန်းညှိဖို့ တာဝန်ပေးထားတဲ့ U.K. watchdog ဟာ Cryptocurrencies အတွက် သူတို့အဆိုပြုထားတဲ့ ဘဏ္ဍာရေးမြှင့်တင်ရေးစည်းမျဉ်းတွေကို မကြာခင်မှာပဲ စတင်ဆွေးနွေးတော့မှာ ဖြစ်တယ်လို့ ယူကေအစိုးရက ပြောဆိုခဲ့ပါတယ်။

“Crypto assets ဟာ စိတ်လှုပ်ရှားစရာအခွင့်အလမ်းသစ်ကို ပေးစွမ်းနိုင်ပြီး၊ လူတွေကို ငွေလွှဲဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ နည်းလမ်းသစ်တွေကို ပေးဆောင်နိုင်ပါတယ်။ ဒါပေမဲ့ သုံးစွဲသူတွေ အထင်လွဲမှားစေတဲ့ တောင်းဆိုမှုတွေနဲ့ သူတို့ရဲ့ထုတ်ကုန်တွေကို ရောင်းချတာမျိုးမလုပ်ဖို့တော့ အရေးကြီးပါတယ်” လို့ Sunak က ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းက လန်ဒန်ရဲ့ မြေအောက်ရထားလမ်းတွေနဲ့ ဘတ်စ်ကားတွေမှာ Crypto Ads တွေဖုံးလွှမ်းခဲ့ပြီး Bitcoin နဲ့ အခြားဒစ်ဂျစ်တယ်ငွေကြေးတွေအပေါ် စိတ်ဝင်စားမှုလည်း ပိုပြီးမြင့်တက်လာခဲ့ပါတယ်။ FCA (Financial Conduct Authority) ကတော့ ဒီကြော်ငြာတွေအပေါ် အရေးယူခြင်းမပြုတာနဲ့၊ Cryptocurrencies တွေကို ထိန်းချုပ်ခြင်းမရှိတဲ့အပေါ် သတိပေးခဲ့တာပဲ ဖြစ်ပါတယ်။

Ref: CNCB