[Zawgyi]

ၿဗိတိန္က သူ႔ႏိုင္ငံရဲ႕ 5G ကြန္ရက္ကို တည္ေဆာက္ဖို႔အတြက္ Huawei အား ခြင့္ျပဳေပးမလားဆိုတာ အတည္မျပဳေသးပါဘူး။ ဒါေပမယ့္ ဟြာေ၀းကေတာ့ ၿဗိတိန္ရဲ႕ နာမည္ႀကီး မိုဘိုင္း ေအာ္ပေရတာ  ေလးခုအတြက္ 5G ကြန္ရက္မ်ားကို ကူညီ တည္ေဆာက္ေပးေနပါတယ္။ ဒီသတင္းဟာ အေမရိကန္နဲ႔ ၿဗိတိန္တို႔ အၾကားမွာ သေဘာထား ကြဲလြဲမႈမ်ား ျဖစ္လာႏုိင္ပါတယ္။ အေမရိကန္က ဟြာေ၀းကို တရုတ္ အစိုးရက ထိန္းခ်ဳပ္ထားတာ ျဖစ္ၿပီး အျခား ႏိုင္ငံမ်ားနဲ႔ ကုမၸဏီမ်ားကို စံုစမ္းေထာက္လွမ္းဖို႔ ဟြာေ၀းရဲ႕ ဆက္သြယ္ေရး ကိရိယာမ်ားကို အသံုးျပဳေနတယ္လို႔ စြပ္စြဲထားပါတယ္။ ဟြာေ၀းကေတာ့ ဒီ စြပ္စြဲမႈမ်ားကို ျငင္းဆိုထားပါတယ္။

Huawei ဟာ ၿဗိတိန္မွ ၿမိဳ႕ ၆ ခု၊ ၇ ခုမွာ 5G ကြန္ရက္ကို တည္ေဆာက္ဖို႔ ပါ၀င္ေနတယ္လို႔ သတင္းရပါတယ္။ Huawei ဟာ Vodafone 5G ကြန္ရက္အတြက္ ကိရိယာမ်ားကို ေထာက္ပံ့ေနၿပီး EE အတြက္ 5G Sites ေပါင္း ရာဂဏန္းခန္႔မွာ ပူးေပါင္း လုပ္ကိုင္ေပးေနတယ္လို႔ သိရပါတယ္။ Huawei ဟာ Three နဲ႔ O2 တို႔နဲ႔လည္း စာခ်ဳပ္မ်ား ခ်ဳပ္ဆိုထားၿပီးၿပီလို႔ သိရပါတယ္။

The Consultancy Assembly က ၿဗိတိန္မွာ ဟြာေ၀းရဲ႕ 5G ကြန္ရက္ တည္ေဆာက္မႈမ်ားကို တစ္၀က္တစ္ပ်က္ သို႔မဟုတ္ အျပည့္အ၀ ပိတ္ပင္ဖို႔ အၾကံျပဳထားပါတယ္။ ဒီအတိုင္းသာျဖစ္လာမယ္ ဆိုရင္ ဟြာေ၀းဟာ ၿဗိတိန္မွာ 5G ကြန္ရက္ကို တည္ေဆာက္ဖို႔ ၁၈ လကေန ၂၄ လ အထိ ေႏွာင့္ေႏွးသြားႏိုင္ပါတယ္။ ၿဗိတိန္ဟာ 5G နယ္ပယ္မွာ ကမာၻ႕ ဦးေဆာင္သူ ျဖစ္ဖို႔ ရည္မွန္းထားတာ ျဖစ္ပါတယ္။ ဟြာေ၀းကို ပိတ္ပင္ရင္ ၿဗိတိန္ရဲ႕ 5G ဆက္သြယ္မႈဟာလည္း ေနာက္က်သြားႏုိင္ပါတယ္။

အေမရိကန္က မဟာမိတ္ ႏိုင္ငံမ်ားအား ဟြာေ၀းရဲ႕ ဆက္သြယ္ေရး ကိရိယာမ်ားကို မသံုးဖို႔ ဖိအားေပးေနပါတယ္။ အေမရိကန္က ဟြာေ၀းနဲ႔ လက္တြဲ အလုပ္လုပ္မယ္ဆိုရင္ ၿဗိတိန္အား လံုျခံဳေရးနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္မ်ားကို မမွ်ေ၀ေတာ့ဘူးလို႔ သတိေပးထားပါတယ္။

Ref : theguardian

[Unicode]

Huawei ရဲ့ 5G ကိရိယာများကို သုံးမယ့် ဗြိတိန်မှ မိုဘိုင်းအော်ပရေတာများ

ဗြိတိန်က သူ့နိုင်ငံရဲ့ 5G ကွန်ရက်ကို တည်ဆောက်ဖို့အတွက် Huawei အား ခွင့်ပြုပေးမလားဆိုတာ အတည်မပြုသေးပါဘူး။ ဒါပေမယ့် ဟွာဝေးကတော့ ဗြိတိန်ရဲ့ နာမည်ကြီး မိုဘိုင်း အော်ပရေတာ လေးခုအတွက် 5G ကွန်ရက်များကို ကူညီ တည်ဆောက်ပေးနေပါတယ်။ ဒီသတင်းဟာ အမေရိကန်နဲ့ ဗြိတိန်တို့ အကြားမှာ သဘောထား ကွဲလွဲမှုများ ဖြစ်လာနိုင်ပါတယ်။ အမေရိကန်က ဟွာဝေးကို တရုတ် အစိုးရက ထိန်းချုပ်ထားတာ ဖြစ်ပြီး အခြား နိုင်ငံများနဲ့ ကုမ္ပဏီများကို စုံစမ်းထောက်လှမ်းဖို့ ဟွာဝေးရဲ့ ဆက်သွယ်ရေး ကိရိယာများကို အသုံးပြုနေတယ်လို့ စွပ်စွဲထားပါတယ်။ ဟွာဝေးကတော့ ဒီ စွပ်စွဲမှုများကို ငြင်းဆိုထားပါတယ်။

Huawei ဟာ ဗြိတိန်မှ မြို့ ၆ ခု၊ ၇ ခုမှာ 5G ကွန်ရက်ကို တည်ဆောက်ဖို့ ပါဝင်နေတယ်လို့ သတင်းရပါတယ်။ Huawei ဟာ Vodafone 5G ကွန်ရက်အတွက် ကိရိယာများကို ထောက်ပံ့နေပြီး EE အတွက် 5G Sites ပေါင်း ရာဂဏန်းခန့်မှာ ပူးပေါင်း လုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။ Huawei ဟာ Three နဲ့ O2 တို့နဲ့လည်း စာချုပ်များ ချုပ်ဆိုထားပြီးပြီလို့ သိရပါတယ်။

The Consultancy Assembly က ဗြိတိန်မှာ ဟွာဝေးရဲ့ 5G ကွန်ရက် တည်ဆောက်မှုများကို တစ်ဝက်တစ်ပျက် သို့မဟုတ် အပြည့်အ၀ ပိတ်ပင်ဖို့ အကြံပြုထားပါတယ်။ ဒီအတိုင်းသာဖြစ်လာမယ် ဆိုရင် ဟွာဝေးဟာ ဗြိတိန်မှာ 5G ကွန်ရက်ကို တည်ဆောက်ဖို့ ၁၈ လကနေ ၂၄ လ အထိ နှောင့်နှေးသွားနိုင်ပါတယ်။ ဗြိတိန်ဟာ 5G နယ်ပယ်မှာ ကမ္ဘာ့ ဦးဆောင်သူ ဖြစ်ဖို့ ရည်မှန်းထားတာ ဖြစ်ပါတယ်။ ဟွာဝေးကို ပိတ်ပင်ရင် ဗြိတိန်ရဲ့ 5G ဆက်သွယ်မှုဟာလည်း နောက်ကျသွားနိုင်ပါတယ်။

အမေရိကန်က မဟာမိတ် နိုင်ငံများအား ဟွာဝေးရဲ့ ဆက်သွယ်ရေး ကိရိယာများကို မသုံးဖို့ ဖိအားပေးနေပါတယ်။ အမေရိကန်က ဟွာဝေးနဲ့ လက်တွဲ အလုပ်လုပ်မယ်ဆိုရင် ဗြိတိန်အား လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များကို မမျှဝေတော့ဘူးလို့ သတိပေးထားပါတယ်။

Ref : theguardian