Ulefone Armor X7 ကို ပြီးခဲ့တဲ့လက ကြေညာခဲ့ပြီး အရမ်း အကြမ်းခံတဲ့ စွမ်းရည်တွေ ပါလာပါတယ်။ ဖုန်း ဒီဇိုင်းက သိပ်မလန်းသလို စွမ်းရည်မြင့် Specs တွေ မပါပါဘူး။ ဒါပေမယ့် အဲဒီဖုန်းရဲ့ အဓိက ရည်ရွယ်ချက်က အရမ်း အကြမ်းခံဖို့ ဖြစ်ပါတယ်။

Armor X7 ဟာ IP68/IP69K Water & Dust Resistant ရှိပြီး MIL-STD-810G စံနှုန်း ပိုင်ဆိုင်ထားပါတယ်။ အမြင့် ၁.၂ မီတာကနေ ကွန်ကရစ်ပေါ်ကို ပြုတ်ကျရင်တောင် ခံနိုင်ရည်ရှိပါတယ်။ အခုတော့ ကုမ္ပဏီက အဲဒီ ဖုန်း မျက်နှာပြင်ရဲ့ အကြမ်းခံ စွမ်းရည်ကို ဗီဒီယို ၁ ခုနဲ့ မျှဝေလိုက်ပါတယ်။

ဗီဒီယိုမှာ ဖုန်း မျက်နှာပြင်ကို ဓါးနဲ့ ခြစ်ပြ၊ စဉ်းတီတုံးလို သုံးပြတာတွေကို မြင်ရပါတယ်။ ဖုန်းမျက်နှာပြင်ပေါ် ကျောက်တုံးပစ်ချ၊ တူပစ်ချတာကိုပြုလုပ်ပြထားပြီး အံ့အားသင့်စရာကောင်းတာက မျက်နှာပြင်ဟာ ဘာမှ မဖြစ်သွားပါဘူး။

Armor X7 မှာ ၅ လက်မ HD LCD မျက်နှာပြင် တပ်ဆင်ထားပြီး 16:9 Aspect Ratio ဖြစ်ပါတယ်။ MediaTek Helio A20 Chipset မောင်းနှင်ထားပြီး 2GB RAM , 16GB Storage ပါပါတယ်။ Android 10 , 4,000mAh ဘက်ထရီ၊ 13MP Rear ကင်မရာနဲ့ 5MP Selfie ကင်မရာတွေ ထည့်ထားပါတယ်။

Ref : gsmarena