[Zawgyi]

Ulefone တို႔ Elefone တို႔ဆိုတာ အရမ္းႀကီးနာမည္ႀကီးတဲ့ စမတ္ဖုန္းအမ်ိဴးအစားေတြ မဟုတ္ေသးေပမယ့္ တ႐ုတ္ျပည္တြင္းမွာေတာ့ လူသိမ်ားၾကပါတယ္။ အဆိုပါ ကုမၸဏီေတြဟာ အထူးသျဖင့္ လက္ရွိအခ်ိန္မွာ တိုးတက္မႈႏႈန္း အားေကာင္းလာၾကၿပီး ကုမၸဏီရဲ႕ ပုံရိပ္ကလည္း တျဖည္းျဖည္း ႀကီးထြားလာေနပါတယ္။

Elefone ဆိုရင္ သူတို႔ရဲ႕ ေနာက္ဆုံးထြက္စမတ္ဖုန္းျဖစ္တဲ့ Elephone U2 ကို မၾကာေသးခင္က တ႐ုတ္ျပည္တြင္းမွာ ျဖန္႔ခ်ိေရာင္းခ်ရာ ၂၄နာရီအတြင္း အလုံးေပါင္း ၄၀၀ေက်ာ္ ေရာင္းထြက္သြားတယ္လို႔ သိရပါတယ္။ ဒီပမာဏဟာ ကမာၻအႏွံ႔အျပားကို ျဖန္႔ခ်ိေရာင္းခ်ေနတဲ့ စမတ္ဖုန္း ကုမၸဏီႀကီးေတြနဲ႔ ယွဥ္ရင္ မေျပာပေလာက္ေပမယ့္ သူတို႔အတြက္ကေတာ့ ေအာင္ျမင္မႈႀကီး တစ္ခုပါပဲ။

 

တစ္ဖက္မွာလည္း Ulefone ကုမၸဏီက ဘက္ထရီ 6350mAh ပါတဲ့ Ulefone Power 6 စမတ္ဖုန္းကို မေန႔တုန္းက တ႐ုတ္ႏိုင္ငံမွာ မိတ္ဆက္လိုက္ပါတယ္။ Power ဆိုတဲ့အတိုင္း ဘက္ထရီအသားေပး စမတ္ဖုန္းအျဖစ္ ပြဲထြက္ခဲ့တာျဖစ္ၿပီး 5V/3A အျမန္အားသြင္းစနစ္လည္း ပါဝင္လာခဲ့ပါတယ္။ Ulefone ရဲ႕ ေဖာ္ျပခ်က္မ်ားအရ အဆိုပါ စမတ္ဖုန္းကို Standby အေနနဲ႔ ၇၅ရက္အထိ ထားရွိႏိုင္ၿပီး ဖုန္းေျပာမယ္ဆိုပါက ၆၄နာရီၾကာ ေျပာဆိုႏိုင္မယ္လို႔ သိရပါတယ္။

Ulefone Power 6 ဟာ Helio P35 SoC နဲ႔ 6.3” FHD+ LCD Display ေတြကို အသုံးျပဳထားတဲ့ စမတ္ဖုန္းျဖစ္ၿပီး 16MP+2MP Camera နဲ႔ 16MP Selfie Camera ေတြကို တပ္ဆင္ထားပါတယ္။ RAM 4GB + Storage 64GB ပါတဲ့ Ulefone Power 6 ကို Aliexpress မွာ ေရာင္းခ်ေနတဲ့ ေစ်းႏႈန္းကေတာ့ ကန္ေဒၚလာ ၁၉၉ ( ျမန္မာေငြ ၃သိန္း ဝန္းက်င္ ) ျဖစ္ပါတယ္။

Ref : Gizmochina

[Unicode]

6350mAh ဘက်ထရီကြီးပါတဲ့ Ulefone Power 6 စမတ်ဖုန်း

Ulefone တို့ Elefone တို့ဆိုတာ အရမ်းကြီးနာမည်ကြီးတဲ့ စမတ်ဖုန်းအမျိူးအစားတွေ မဟုတ်သေးပေမယ့် တရုတ်ပြည်တွင်းမှာတော့ လူသိများကြပါတယ်။ အဆိုပါ ကုမ္ပဏီတွေဟာ အထူးသဖြင့် လက်ရှိအချိန်မှာ တိုးတက်မှုနှုန်း အားကောင်းလာကြပြီး ကုမ္ပဏီရဲ့ ပုံရိပ်ကလည်း တဖြည်းဖြည်း ကြီးထွားလာနေပါတယ်။

Elefone ဆိုရင် သူတို့ရဲ့ နောက်ဆုံးထွက်စမတ်ဖုန်းဖြစ်တဲ့ Elephone U2 ကို မကြာသေးခင်က တရုတ်ပြည်တွင်းမှာ ဖြန့်ချိရောင်းချရာ ၂၄နာရီအတွင်း အလုံးပေါင်း ၄၀၀ကျော် ရောင်းထွက်သွားတယ်လို့ သိရပါတယ်။ ဒီပမာဏဟာ ကမ္ဘာအနှံ့အပြားကို ဖြန့်ချိရောင်းချနေတဲ့ စမတ်ဖုန်း ကုမ္ပဏီကြီးတွေနဲ့ ယှဥ်ရင် မပြောပလောက်ပေမယ့် သူတို့အတွက်ကတော့ အောင်မြင်မှုကြီး တစ်ခုပါပဲ။

တစ်ဖက်မှာလည်း Ulefone ကုမ္ပဏီက ဘက်ထရီ 6350mAh ပါတဲ့ Ulefone Power 6 စမတ်ဖုန်းကို မနေ့တုန်းက တရုတ်နိုင်ငံမှာ မိတ်ဆက်လိုက်ပါတယ်။ Power ဆိုတဲ့အတိုင်း ဘက်ထရီအသားပေး စမတ်ဖုန်းအဖြစ် ပွဲထွက်ခဲ့တာဖြစ်ပြီး 5V/3A အမြန်အားသွင်းစနစ်လည်း ပါဝင်လာခဲ့ပါတယ်။ Ulefone ရဲ့ ဖော်ပြချက်များအရ အဆိုပါ စမတ်ဖုန်းကို Standby အနေနဲ့ ၇၅ရက်အထိ ထားရှိနိုင်ပြီး ဖုန်းပြောမယ်ဆိုပါက ၆၄နာရီကြာ ပြောဆိုနိုင်မယ်လို့ သိရပါတယ်။

Ulefone Power 6 ဟာ Helio P35 SoC နဲ့ 6.3” FHD+ LCD Display တွေကို အသုံးပြုထားတဲ့ စမတ်ဖုန်းဖြစ်ပြီး 16MP+2MP Camera နဲ့ 16MP Selfie Camera တွေကို တပ်ဆင်ထားပါတယ်။ RAM 4GB + Storage 64GB ပါတဲ့ Ulefone Power 6 ကို Aliexpress မှာ ရောင်းချနေတဲ့ စျေးနှုန်းကတော့ ကန်ဒေါ်လာ ၁၉၉ ( မြန်မာငွေ ၃သိန်း ဝန်းကျင် ) ဖြစ်ပါတယ်။

Ref : Gizmochina