Zawgyi
Ref:gizmochina
Unicode
Galaxy S9 Plus လိုမျိူး ကျောဘက် ဒီဇိုင်း၊ P20 Pro လိုမျိူး အရောင်နဲ့ ပွဲထွက်လာမယ့် Ulefone T2
Ulefone ဆိုတာကတော့ ၂၀၀၅ခုနှစ်တုန်းက စတင်တည်ထောင်ခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်း ကုမ္ပဏီကြီး တစ်ခုဖြစ်ပါတယ်။ Ulefone အနေနဲ့ သူတို့ရဲ့ မျိူးဆက်သစ် Flagship စမတ်ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specification တွေကို တွစ်တာကနေ တဆင့် မျှဝေခဲ့တာ ဖြစ်ပါတယ်။
Ulefone T2 နဲ့ ပတ်သတ်ပြီး တွစ်တာရှိ ulefone Mobile ရဲ့ တရားဝင် စာမျက်နှာမှာ မျှဝေထားတဲ့ အချက်အလက်တွေအရဆိုရင် Ulefone T2 ရဲ့ Display အပိုင်းအတွက် ၆.၇ လက်မ အရွယ်အစားရှိ FHD+ Display ကို အသုံးပြုထားနိုင်ပါတယ်။ Processor အပိုင်းအတွက် MediaTek ရဲ့ Helio P60 SoC ကို အသုံးပြုထားမှာ ဖြစ်ပြီး RAM အနေနဲ့ 6GB ပါဝင်နိုင်ပါတယ်။ Memory Storage ကိုတော့ 128GB အထိ ထည့်သွင်းထားတယ်လို့ သိရပါတယ်။
ကင်မရာ အပိုင်းမှာ “a real dual-camera” လို့သာ ရေးသားထားပြီး တပ်ဆင်ထားမယ့် Sensor တွေကိုတော့ အတိအကျ ထုတ်ဖော်ပြောကြားသွားခြင်း မရှိပါဘူး။ ဒါ့ပေမယ့်လည်း Sony နဲ့ Samsung တို့ရဲ့ Sensors တွေကို တပ်ဆင် အသုံးပြုထားနိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3900mAh ထည့်သွင်းပေးထားမှာ ဖြစ်ပါတယ်။ Black နဲ့ Twilight ဆိုပြီး အရောင် ၂မျိူး ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်ပြီး စတင်ရောင်းချမယ့်နေ့နဲ့ စျေးနှုန်းကိုတော့ အတိအကျ မသိရသေးပါဘူး။
Ref:gizmochina