မကြာခင်ကပဲ Moto E7 ရဲ့ Hands-on ဓါတ်ပုံတွေ ထွက်ပေါ်ခဲ့ပြီး အခုတော့ ကနေဒါ Carrier ၁ ခုရဲ့ ဝက်ဘ်ဆိုက်မှာ စာရင်းတင်ထားပါတယ်။ Freedom Mobile ရဲ့ ဝက်ဘ်ဆိုက်မှာ ကနေဒါ ဒေါ်လာ ၁၈၉ နဲ့ စာရင်းတင်ထားပြီး ၁၃၉ ဒေါ်လာလောက်ရှိပါတယ်။ မြန်မာငွေ ၁ သိန်း ၉ သောင်းလောက် ရှိပါတယ်။

စမတ်ဖုန်းတွေဟာ အမေရိကန်မှာထက် ကနေဒါမှာ ဈေးပိုကြီးလေ့ရှိတဲ့အတွက် E7 ဟာ တခြားနိုင်ငံတွေမှာ ကနေဒါ ဈေးထက် ပိုသက်သာမှာ ဖြစ်ပါတယ်။ Freedom Mobile ရဲ့ ဝက်ဘ်ဆိုက်မှာ 3,550mAh ဘက်ထရီ၊ 2GB RAM နဲ့ 32GB Storage ထည့်သွင်းထားမယ်လို့ ဖော်ပြထားပါတယ်။ ၆.၂ လက်မ မျက်နှာပြင်ဖြစ်ပြီး အရွယ်သေး Notch တပ်ဆင်ထားမှာပါ။

အနောက်ဘက်မှာ 13MP+2MP ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 5MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားမှာ ဖြစ်ပြီး Moto E7 ကြေညာမယ့် အချိန်ကို မသိရသေးပေမယ့် Carrier မှာ စာရင်းတင်ထားတဲ့အတွက် မကြာခင် ကြေညာနိုင်ပါတယ်။

Ref : gsmarena