Zawgyi

ၿပီးခဲ့တဲ့ဒီဇင္ဘာတုန္းက HTC ဟာ သူတုိ႔ရဲ႕ စမတ္ဖုန္းထုတ္လုပ္မႈဗ်ဴဟာကို ၂၀၁၉ မွာ ေျပာင္းလဲသြားမယ္ လို႔ေၾကျငာခဲ့တယ္။ အဆုိပါဗ်ဴဟာရဲ႕ အစိတ္အပုိင္းတစ္ခုကေတာ့ HTC U12+ နဲ႔ U12 Life ဖုန္းေတြရဲ႕ သက္တမ္းကို ဆြဲဆန္႔ျခင္းပါပဲ။ ဒါ့အျပင္ ဒီႏွစ္အတြင္းမွာ Midrange နဲ႔ Flagship ေမာ္ဒယ္ေတြကို ဦးတည္ထုတ္လုပ္သြားမယ္လို႔ HTC က ရည္ရြယ္ထားပါတယ္။

ယခု GeekBench ေပၚကိုေရာက္လာတဲ့ အမည္မသိ HTC ဟန္းဆက္တစ္လုံးဟာ MediaTek Helio P35 ခ်စ္ပ္ဆက္ကိုအသုံးျပဳထားၿပီး 6GB RAM နဲ႔တြဲဖက္ထားတယ္။ သူ႕ရဲ႕ေမာ္ဒယ္နံပါတ္က HTC 2Q741 ျဖစ္ၿပီး Android 9 Pie အသုံးျပဳလာပါတယ္။ ဒီဖုန္းဟာ HTC ရဲ႕ ေနာက္အသစ္ထြက္မယ့္ Mid-range တန္းထုတ္ကုန္လို႔ ယူဆရတယ္။

ၿပီးခဲ့တဲ့လတုန္းက GeekBench မွာပဲ Snapdragon 710 နဲ႔ 6GB RAM ပါဝင္တဲ့ ဟန္းဆက္တစ္ခုကို ေတြ႕ခဲ့ရတာေၾကာင့္ အခု HTC 2Q741 ဟာ အဆုိပါဟန္းဆက္ရဲ႕ မတူညီတဲ့ဗားရွင္းတစ္ခုလားလို႔ ထင္ခ်င္စရာပါ။ အဲ့ဒီ SD710 ဖုန္းရဲ႕ ေမာ္ဒယ္နံပါတ္ကိုလည္း 2Q7A100 လို႔ေပးထားတာေၾကာင့္ တူညီေနတာ ေတြ႕ရတယ္။

လွ်ဳိ႕ဝွက္စြာထြက္ေပၚလာတဲ့ HTC Midrange ဖုန္းရဲ႕ အျခားအခ်က္အလက္ေတြကိုေတာ့ GeekBench မွာ မေတြ႕ရေသးပါဘူး။ ဒါေပမယ့္ Single-core စမ္းသပ္မႈမွာ ရမွတ္ 897 နဲ႔ Multi-core မွာ 4385 အသီးသီး ရရွိထားတာကို ေတြ႕ရပါတယ္။

Ref – GSM Arena

Unicode

ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက HTC ဟာ သူတို့ရဲ့ စမတ်ဖုန်းထုတ်လုပ်မှုဗျူဟာကို ၂၀၁၉ မှာ ပြောင်းလဲသွားမယ် လို့ကြေငြာခဲ့တယ်။ အဆိုပါဗျူဟာရဲ့ အစိတ်အပိုင်းတစ်ခုကတော့ HTC U12+ နဲ့ U12 Life ဖုန်းတွေရဲ့ သက်တမ်းကို ဆွဲဆန့်ခြင်းပါပဲ။ ဒါ့အပြင် ဒီနှစ်အတွင်းမှာ Midrange နဲ့ Flagship မော်ဒယ်တွေကို ဦးတည်ထုတ်လုပ်သွားမယ်လို့ HTC က ရည်ရွယ်ထားပါတယ်။

ယခု GeekBench ပေါ်ကိုရောက်လာတဲ့ အမည်မသိ HTC ဟန်းဆက်တစ်လုံးဟာ MediaTek Helio P35 ချစ်ပ်ဆက်ကိုအသုံးပြုထားပြီး 6GB RAM နဲ့တွဲဖက်ထားတယ်။ သူ့ရဲ့မော်ဒယ်နံပါတ်က HTC 2Q741 ဖြစ်ပြီး Android 9 Pie အသုံးပြုလာပါတယ်။ ဒီဖုန်းဟာ HTC ရဲ့ နောက်အသစ်ထွက်မယ့် Mid-range တန်းထုတ်ကုန်လို့ ယူဆရတယ်။

ပြီးခဲ့တဲ့လတုန်းက GeekBench မှာပဲ Snapdragon 710 နဲ့ 6GB RAM ပါဝင်တဲ့ ဟန်းဆက်တစ်ခုကို တွေ့ခဲ့ရတာကြောင့် အခု HTC 2Q741 ဟာ အဆိုပါဟန်းဆက်ရဲ့ မတူညီတဲ့ဗားရှင်းတစ်ခုလားလို့ ထင်ချင်စရာပါ။ အဲ့ဒီ SD710 ဖုန်းရဲ့ မော်ဒယ်နံပါတ်ကိုလည်း 2Q7A100 လို့ပေးထားတာကြောင့် တူညီနေတာ တွေ့ရတယ်။

လျှို့ဝှက်စွာထွက်ပေါ်လာတဲ့ HTC Midrange ဖုန်းရဲ့ အခြားအချက်အလက်တွေကိုတော့ GeekBench မှာ မတွေ့ရသေးပါဘူး။ ဒါပေမယ့် Single-core စမ်းသပ်မှုမှာ ရမှတ် 897 နဲ့ Multi-core မှာ 4385 အသီးသီး ရရှိထားတာကို တွေ့ရပါတယ်။

Ref – GSM Arena