[Zawgyi]

Huawei ဟာ ဧၿပီလတုန္းက Y5 (2019) ကို မိတ္ဆက္ျဖန႔္ခ်ိခဲ့ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ထိပ္တန္း စမတ္ဖုန္းထုတ္လုပ္မႈလုပ္ငန္းႀကီးဟာ Y5 (2019) နဲ႔ ခပ္ဆင္ဆင္ အမ်ိဳးအစားကို သိပ္မၾကာခင္မွာ ထပ္မံမိတ္ဆက္သြားဖြယ္ရွိတာကို ေတြ႕ျမင္ေနရၿပီ ျဖစ္ပါတယ္။

TENAA မွာ ေမာ္ဒယ္နံပါတ္ AMN-AL10 နဲ႔ စမတ္ဖုန္းတစ္မ်ိဳးကို အသိအမွတ္ျပဳထားတာ ေတြ႕ျမင္ရပါတယ္။ ဒါဟာ Huawei ရဲ႕ စမတ္ဖုန္းဆိုတာ ေသခ်ာေပမယ့္ ဘယ္နာမည္နဲ႔ထြက္လာမလဲဆိုတာကိုေတာ့ မသိရေသးတဲ့ အေျခအေနပါ။ ဒါေပမယ့္ တ႐ုတ္ရဲ႕ အသိအမွတ္ျပဳဝက္ဘ္ဆိုက္မွာ ဒီဟန္းဆက္ရဲ႕ပုံနဲ႔ Specs ေတြကို ေဖာ္ျပထားခဲ့ပါၿပီ။

Huawei ရဲ႕ အမည္မသိ စမတ္ဖုန္းဟာ 2.0GHz Octa-core processor နဲ႔ျဖစ္ပါတယ္။ မန္မိုရီနဲ႔ သိုေလွာင္မႈပမာဏကေတာ့ 2GB/32GB နဲ႔ 3GB/64GB ဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား တြဲဖက္ေပးထားတာလည္း ေတြ႕ရပါတယ္။ ထုံးစံအတိုင္း SD ကတ္ထပ္စိုက္ၿပီး 512GB အထိ တိုးျမႇင့္လို႔ရပါေသးတယ္။

AMN-AL10 ဟာ 5.71-inch မ်က္ႏွာျပင္ျဖစ္ၿပီး 720x1520px resolution လည္း ျဖစ္ပါတယ္။ ဒါ့အျပင္ အေရွ႕ဘက္မ်က္ႏွာျပင္ရဲ႕ Notch ထဲမွာ 5MP Selfie ကင္မရာတစ္လုံး တပ္ဆင္ေပးထားပါတယ္။ ေက်ာဘက္မွာေတာ့ 13MP ကင္မရာတစ္လုံးကို ဖလက္ရွ္နဲ႔အတူ တြဲလ်က္တပ္ဆင္ေပးထားတာပါ။

ေက်ာဘက္မွာ Fingerprint reader မေတြ႕ရတာေၾကာင့္ Face unlock စနစ္နဲ႔ သမား႐ိုးက်လုံၿခဳံေရးစနစ္ေတြပဲ ျဖစ္မယ္လို႔ ဆိုႏိုင္ပါတယ္။ Android Pie ေမာင္းႏွင္မွာျဖစ္ၿပီး ဘက္ထရီပမာဏက 2,920 mAh ျဖစ္ပါတယ္။ အေရာင္အားျဖင့္ Black, Brown နဲ႔ Green ဆိုၿပီး သုံးေရာင္ေ႐ြးခ်ယ္ႏိုင္ပါလိမ့္မယ္။

Ref: GSM Arena

[Unicode]

5.71-inch မျက်နှာပြင်နဲ့ 13MP ကင်မရာပါဝင်တဲ့ Huawei ရဲ့ စမတ်ဖုန်းတစ်လုံးကို TENAA မှာ တွေ့မြင်ရ

Huawei ဟာ ဧပြီလတုန်းက Y5 (2019) ကို မိတ်ဆက်ဖြန့်ချိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ထိပ်တန်း စမတ်ဖုန်းထုတ်လုပ်မှုလုပ်ငန်းကြီးဟာ Y5 (2019) နဲ့ ခပ်ဆင်ဆင် အမျိုးအစားကို သိပ်မကြာခင်မှာ ထပ်မံမိတ်ဆက်သွားဖွယ်ရှိတာကို တွေ့မြင်နေရပြီ ဖြစ်ပါတယ်။

TENAA မှာ မော်ဒယ်နံပါတ် AMN-AL10 နဲ့ စမတ်ဖုန်းတစ်မျိုးကို အသိအမှတ်ပြုထားတာ တွေ့မြင်ရပါတယ်။ ဒါဟာ Huawei ရဲ့ စမတ်ဖုန်းဆိုတာ သေချာပေမယ့် ဘယ်နာမည်နဲ့ထွက်လာမလဲဆိုတာကိုတော့ မသိရသေးတဲ့ အခြေအနေပါ။ ဒါပေမယ့် တရုတ်ရဲ့ အသိအမှတ်ပြုဝက်ဘ်ဆိုက်မှာ ဒီဟန်းဆက်ရဲ့ပုံနဲ့ Specs တွေကို ဖော်ပြထားခဲ့ပါပြီ။

Huawei ရဲ့ အမည်မသိ စမတ်ဖုန်းဟာ 2.0GHz Octa-core processor နဲ့ဖြစ်ပါတယ်။ မန်မိုရီနဲ့ သိုလှောင်မှုပမာဏကတော့ 2GB/32GB နဲ့ 3GB/64GB ဆိုပြီး နှစ်မျိုးနှစ်စား တွဲဖက်ပေးထားတာလည်း တွေ့ရပါတယ်။ ထုံးစံအတိုင်း SD ကတ်ထပ်စိုက်ပြီး 512GB အထိ တိုးမြှင့်လို့ရပါသေးတယ်။

AMN-AL10 ဟာ 5.71-inch မျက်နှာပြင်ဖြစ်ပြီး 720x1520px resolution လည်း ဖြစ်ပါတယ်။ ဒါ့အပြင် အရှေ့ဘက်မျက်နှာပြင်ရဲ့ Notch ထဲမှာ 5MP Selfie ကင်မရာတစ်လုံး တပ်ဆင်ပေးထားပါတယ်။ ကျောဘက်မှာတော့ 13MP ကင်မရာတစ်လုံးကို ဖလက်ရှ်နဲ့အတူ တွဲလျက်တပ်ဆင်ပေးထားတာပါ။

ကျောဘက်မှာ Fingerprint reader မတွေ့ရတာကြောင့် Face unlock စနစ်နဲ့ သမားရိုးကျလုံခြုံရေးစနစ်တွေပဲ ဖြစ်မယ်လို့ ဆိုနိုင်ပါတယ်။ Android Pie မောင်းနှင်မှာဖြစ်ပြီး ဘက်ထရီပမာဏက 2,920 mAh ဖြစ်ပါတယ်။ အရောင်အားဖြင့် Black, Brown နဲ့ Green ဆိုပြီး သုံးရောင်ရွေးချယ်နိုင်ပါလိမ့်မယ်။

Ref: GSM Arena