HMD Global ကုမ္ပဏီဟာ Nokia ဖုန်းသစ်တွေ မိတ်ဆက်စရာ ကျန်သေးပုံရပြီး ယနေ့မှာ တရုတ်ပြည်တွင်း TENAA ပလက်ဖောင်းပေါ်မှာ မော်ဒယ်နံပါတ် TA-1258 နဲ့ စမတ်ဖုန်းသစ်တစ်မျိူးကို ထပ်မံတွေ့လာရပါတယ်။

ဒီဖုန်းနဲ့ပတ်သက်တဲ့ Specs ကတော့ နည်းနည်းပဲသိရသေးပြီး သူ့မှာ 5.99” Display တစ်ခုနဲ့ 3,040 mAh ဘက္ထရီတို့ ပါဝင်မယ်ဆိုတာပဲ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဖုန်းရဲ့အရွယ်အစားက 159.6 x 77.5 x 8.5mm ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

အချက်အလက်တွေကိုကြည့်ရင် ဒီဖုန်းဟာ ဘတ်ဂျက်ကနေ Mid-range အတွင်းလောက်ပဲ အလွန်ဆုံးဖြစ်နိုင်တာကြောင့် Nokia 2, Nokia 3, Nokia 4 စီးရီးတွေထဲက အဖွဲ့ဝင်သစ်တစ်ခုခုကို မြင်ရတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် Nokia C စီးရီးရဲ့ မော်ဒယ်အသစ်လည်း ဖြစ်နိုင်ပါသေးတယ်။

လွန်ခဲ့တဲ့အပတ်မှာ Nokia 2.4 ကို Geekbench ပေါ် မြင်တွေ့ခဲ့ရပြီး Helio P22, 2GB RAM နဲ့ Android 10 OS တို့ ပါဝင်ခဲ့ပါတယ်။ အခု TENAA ပေါ်က ဟန်းဆက်နဲ့ တစ်ခုတည်းလား ဆိုတာတော့ မသိရသေးပေမယ့် အတော်လေး ဖြစ်နိုင်ပါတယ်။

တစ်ခုရှိတာက မျိုးဆက်ဟောင်း Nokia 2.3 မှာ 4,000 mAh ဘက္ထရီ ပါဝင်ခဲ့သလို Display မှာလည်း 6.2” ဖြစ်တာမို့ မျိုးဆက်သစ်က သူ့ထက် သိသိသာသာ နိမ့်နေဖို့ ခဲယဉ်းပါတယ်။ ချစ်ပ်ဆက်ကတော့ Helio P22 က Nokia 2.3 မှာပါဝင်ခဲ့တဲ့ Helio A22 ထက် ပိုစွမ်းအားကောင်းပါတယ်။

Ref – GizmoChina