Zawgyi

Vivo ကုမၸဏီရဲ႕ ဖုန္းအသစ္တစ္လုံးဟာ ထြက္ရွိလာဖို႔ ႀကိဳးစားေနတာကို ျမင္ေတြ႕ခဲ့ရၿပီး လွ်ဳိ႕ဝွက္ ေမာ္ဒယ္နံပါတ္ V1913A နဲ႔ V1913T လို႔ေပးထားတဲ့ Vivo ဟန္းဆက္ေတြကို TENAA ေပၚမွာ အဓိက Specs အခ်ဳိ႕နဲ႔ ဓါတ္ပုံေတြကိုပါ ျမင္ေတြ႕လာခဲ့ရတာပါ။

ဒီဖုန္းႏွစ္လုံးဟာ တကယ္တမ္းမွာေတာ့ တူညီတဲ့ဟန္းဆက္တစ္မ်ဳိးတည္းသာ ျဖစ္ၿပီး တစ္ခုက သီးသန္႔ Carrier ကေနေရာင္းခ်မယ့္ ဗားရွင္းသာျဖစ္ပါတယ္။ TENAA ဝက္ဆုိက္ရဲ႕ေဖာ္ျပခ်က္အရေတာ့ အဆုိပါဟန္းဆက္ရဲ႕အခ်ဳိးဟာ 159.53 x 75.23 x 8.13mm ရွိၿပီး အေလးခ်ိန္ 179 ဂရမ္သာေလးတယ္လို႔ ဆုိပါတယ္။

V1913A / T ဟန္းဆက္မွာ 6.38” လက္မအရြယ္ AMOLED Display တစ္ခုပါဝင္ၿပီး 2340 x 1080p Resolution ကုိ 19.5:9 အခ်ဳိးနဲ႔ျဖစ္ပါတယ္။ အတြင္းမွာ 2GHz Octa-core ပရုိဆက္ဆာကို 4 / 6 GB RAM မန္မုိရီနဲ႔ တြဲဖက္လာမွာပါ။ Storage ပမာဏက 128GB ပါဝင္ကာ MicroSD ကတ္နဲ႔ 256GB ထိ ထပ္မံတုိးခ်ဲ႕ႏုိင္တယ္။ V1913A / T ႏွစ္မ်ဳိးလုံးမွာ Android 9 Pie OS အသုံးျပဳလာၿပီး ဘကၳရီကေတာ့ 4,390 mAh ပဲျဖစ္ပါတယ္။

ဒီစမတ္ဖုန္းအသစ္မွာ 16MP ေရွ႕ဘက္ကင္မရာတစ္လုံးပါဝင္လာၿပီး ေနာက္ဘက္မွာ 16MP + 8MP + 2MP Triple-camera အတြဲ တပ္ဆင္ထားတယ္။ Fingerprint ကိုလည္း In-display ပဲထည့္သြင္းလာပါတယ္။ Vivo V1913A / T ဟန္းဆက္ရဲ႕အမည္နဲ႔ ထြက္ရွိရက္ကို မၾကာခင္မွာ ေတြ႕ရမယ္လို႔ ယူဆရပါတယ္။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီရဲ့ ဖုန်းအသစ်တစ်လုံးဟာ ထွက်ရှိလာဖို့ ကြိုးစားနေတာကို မြင်တွေ့ခဲ့ရပြီး လျှို့ဝှက် မော်ဒယ်နံပါတ် V1913A နဲ့ V1913T လို့ပေးထားတဲ့ Vivo ဟန်းဆက်တွေကို TENAA ပေါ်မှာ အဓိက Specs အချို့နဲ့ ဓါတ်ပုံတွေကိုပါ မြင်တွေ့လာခဲ့ရတာပါ။

ဒီဖုန်းနှစ်လုံးဟာ တကယ်တမ်းမှာတော့ တူညီတဲ့ဟန်းဆက်တစ်မျိုးတည်းသာ ဖြစ်ပြီး တစ်ခုက သီးသန့် Carrier ကနေရောင်းချမယ့် ဗားရှင်းသာဖြစ်ပါတယ်။ TENAA ဝက်ဆိုက်ရဲ့ဖော်ပြချက်အရတော့ အဆိုပါဟန်းဆက်ရဲ့အချိုးဟာ 159.53 x 75.23 x 8.13mm ရှိပြီး အလေးချိန် 179 ဂရမ်သာလေးတယ်လို့ ဆိုပါတယ်။

V1913A / T ဟန်းဆက်မှာ 6.38” လက်မအရွယ် AMOLED Display တစ်ခုပါဝင်ပြီး 2340 x 1080p Resolution ကို 19.5:9 အချိုးနဲ့ဖြစ်ပါတယ်။ အတွင်းမှာ 2GHz Octa-core ပရိုဆက်ဆာကို 4 / 6 GB RAM မန်မိုရီနဲ့ တွဲဖက်လာမှာပါ။ Storage ပမာဏက 128GB ပါဝင်ကာ MicroSD ကတ်နဲ့ 256GB ထိ ထပ်မံတိုးချဲ့နိုင်တယ်။ V1913A / T နှစ်မျိုးလုံးမှာ Android 9 Pie OS အသုံးပြုလာပြီး ဘက္ထရီကတော့ 4,390 mAh ပဲဖြစ်ပါတယ်။

ဒီစမတ်ဖုန်းအသစ်မှာ 16MP ရှေ့ဘက်ကင်မရာတစ်လုံးပါဝင်လာပြီး နောက်ဘက်မှာ 16MP + 8MP + 2MP Triple-camera အတွဲ တပ်ဆင်ထားတယ်။ Fingerprint ကိုလည်း In-display ပဲထည့်သွင်းလာပါတယ်။ Vivo V1913A / T ဟန်းဆက်ရဲ့အမည်နဲ့ ထွက်ရှိရက်ကို မကြာခင်မှာ တွေ့ရမယ်လို့ ယူဆရပါတယ်။

Ref – GSM Arena