[Unicode]

Samsung Galaxy Z Flip ဟာ ကွေးညွှတ်မျက်နှာပြင် ပါတဲ့ ကုမ္ပဏီရဲ့ ဒုတိယမြောက် ဖုန်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ အဲဒီဖုန်းရဲ့ ဓါတ်ပုံနဲ့ Specs အပြည့်အစုံ ထွက်ပေါ်လာပါတယ်။ အခုတော့ FCC ကို ရောက်လာပြီ ဖြစ်ပြီး Compatible Signal Bands အားလုံးကို သိလာရပါပြီ။

ထောက်ပံ့တဲ့ Bands စာရင်းမှာ Sprint ခုထိ သုံးနေသေးတဲ့ CDMA Radios အပါအဝင် အမေရိကန် Carriers အားလုံး ပါဝင်ပါတယ်။ SM-F700U မော်ဒယ်ဖြစ်ပြီး Galaxy Flip ရဲ့ US Unlocked Version ဖြစ်ပါတယ်။ ဖုန်းမှာ NFC ပါလာမှာ ဖြစ်ပြီး Samsung Pay ရဲ့ MST ကို သုံးနိုင်မှာပါ။

Motorola Razr ဟာ Specs အပိုင်းမှာ Galaxy Z Flip လောက် မကောင်းပါဘူး။ ဘယ်ဖုန်း အရင် ရောင်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ Razr ကို နောက်လ ၁၄ ရက်နေ့မှာ ရောင်းဖို့ အစောပိုင်းက စီစဉ်ခဲ့ပေမယ့် နောက်လ ၁၈ ရက်နေ့ကို နောက်ဆုတ်လိုက်ပါတယ်။ Galaxy Z Flip ကိုလည်း နောက်လ ၁၄ ရက်နေ့မှာပဲ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Galaxy Z Flip မှာ Snapdragon 855+ Chipset , 8GB RAM နဲ့ 256GB Storage တွေပါလာနိုင်ပါတယ်။ ၆.၇ လက်မ Foldable မျက်နှာပြင်ထည့်သွင်းထားပြီး မျက်နှာပြင် အချိုးက 22:9 ဖြစ်တဲ့အတွက် တော်တော် ရှည်တယ်လို့ ပြောနိုင်ပါတယ်။ ဖုန်းကို ခေါက်ချိုးထားချိန်မှာ Notification တွေ ကြည့်ဖို့အတွက် အပြင်ဘက်မှာ ၁.၀၆ လက်မ အရွယ် မျက်နှာပြင်ငယ် ၁ ခု ပါပါတယ်။

အပြင်ဘက် မျက်နှာပြင်ရဲ့ ဘေးမှာ 12MP ကင်မရာနဲ့ ပင်မ မျက်နှာပြင်ရဲ့ Cutout မှာ 10MP ဆဲလ်ဖီး ကင်မရာ ထည့်ထားပါတယ်။ ဘေးဘက်မှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး 15W Fast Charging နဲ့ 9W Qi Wireless Charging တွေ ပါပါတယ်။

Ref : gsmarena

[Zawgyi]

Unlocked Samsung Galaxy Z Flip ရဲ႕ သတင္းအခ်က္အလက္ေတြ FCC ကေန ထြက္လာၿပီ

Samsung Galaxy Z Flip ဟာ ေကြးၫႊတ္မ်က္ႏွာျပင္ ပါတဲ့ ကုမၸဏီရဲ႕ ဒုတိယေျမာက္ ဖုန္း ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းကပဲ အဲဒီဖုန္းရဲ႕ ဓါတ္ပုံနဲ႔ Specs အျပည့္အစုံ ထြက္ေပၚလာပါတယ္။ အခုေတာ့ FCC ကို ေရာက္လာၿပီ ျဖစ္ၿပီး Compatible Signal Bands အားလုံးကို သိလာရပါၿပီ။

ေထာက္ပံ့တဲ့ Bands စာရင္းမွာ Sprint ခုထိ သုံးေနေသးတဲ့ CDMA Radios အပါအဝင္ အေမရိကန္ Carriers အားလုံး ပါဝင္ပါတယ္။ SM-F700U ေမာ္ဒယ္ျဖစ္ၿပီး Galaxy Flip ရဲ႕ US Unlocked Version ျဖစ္ပါတယ္။ ဖုန္းမွာ NFC ပါလာမွာ ျဖစ္ၿပီး Samsung Pay ရဲ႕ MST ကို သုံးႏိုင္မွာပါ။

Motorola Razr ဟာ Specs အပိုင္းမွာ Galaxy Z Flip ေလာက္ မေကာင္းပါဘူး။ ဘယ္ဖုန္း အရင္ ေရာင္းမလဲဆိုတာ စိတ္ဝင္စားစရာေကာင္းပါတယ္။ Razr ကို ေနာက္လ ၁၄ ရက္ေန႔မွာ ေရာင္းဖို႔ အေစာပိုင္းက စီစဥ္ခဲ့ေပမယ့္ ေနာက္လ ၁၈ ရက္ေန႔ကို ေနာက္ဆုတ္လိုက္ပါတယ္။ Galaxy Z Flip ကိုလည္း ေနာက္လ ၁၄ ရက္ေန႔မွာပဲ ေၾကညာမယ္လို႔ သတင္းထြက္ေနပါတယ္။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Galaxy Z Flip မွာ Snapdragon 855+ Chipset , 8GB RAM နဲ႔ 256GB Storage ေတြပါလာႏိုင္ပါတယ္။ ၆.၇ လက္မ Foldable မ်က္ႏွာျပင္ထည့္သြင္းထားၿပီး မ်က္ႏွာျပင္ အခ်ိဳးက 22:9 ျဖစ္တဲ့အတြက္ ေတာ္ေတာ္ ရွည္တယ္လို႔ ေျပာႏိုင္ပါတယ္။ ဖုန္းကို ေခါက္ခ်ိဳးထားခ်ိန္မွာ Notification ေတြ ၾကည့္ဖို႔အတြက္ အျပင္ဘက္မွာ ၁.၀၆ လက္မ အ႐ြယ္ မ်က္ႏွာျပင္ငယ္ ၁ ခု ပါပါတယ္။

အျပင္ဘက္ မ်က္ႏွာျပင္ရဲ႕ ေဘးမွာ 12MP ကင္မရာနဲ႔ ပင္မ မ်က္ႏွာျပင္ရဲ႕ Cutout မွာ 10MP ဆဲလ္ဖီး ကင္မရာ ထည့္ထားပါတယ္။ ေဘးဘက္မွာ လက္ေဗြရာ ကိရိယာ တပ္ဆင္ထားၿပီး 15W Fast Charging နဲ႔ 9W Qi Wireless Charging ေတြ ပါပါတယ္။

Ref : gsmarena