ပြီးခဲ့တဲ့လတုန်းက Vivo Y50 စမတ်ဖုန်းကို အရှေ့တောင်အာရှဈေးကွက်အတွက် မိတ်ဆက်လာခဲ့ဖူးပြီး ယနေ့မှာတော့ ဈေးပိုချိုသာတဲ့ Vivo Y30 ကိုပါ ဈေးကွက်ထဲပို့လာဖို့ ပြင်ဆင်နေပါပြီ။

ထူးခြားတာက ဒီဖုန်းသစ်ကို ကုမ္ပဏီက တရားဝင် မကြေညာရသေးပေမယ့် မလေးရှားက အရောင်းဝက်ဆိုက်တစ်ခုပေါ်မှာ Specs အပြည့်အစုံနဲ့ရောက်နေတာပါပဲ။ Vivo Y30 စမတ်ဖုန်းမှာ Helio P35 ချစ်ပ်ဆက်၊ ကင်မရာလေးလုံးနဲ့ ကြီးမားတဲ့ဘက္ထရီတို့ပါဝင်ပါတယ်။

Y30 ရဲ့ရှေ့ဘက်မှာ 6.47” LCD Display ပါဝင်ပြီး အပေါ်ဘယ်ဘက်မှာ Punch-hole တစ်ခုတည်း ပါဝင်ပါတယ်။ Helio P35 ကို 4/128GB မန်မိုရီအတွဲနဲ့ဖြစ်ပေမယ့် MicroSD အကြောင်းတော့ မဖော်ပြထားသေးပါဘူး။ နောက်ဘက်က Quad-camera မှာ 13MP + 8MP + 2MP + 2MP ဖြစ်ပြီး Fingerprint ကိုလည်းနောက်ကျောမှာပဲ ထည့်ထားပါတယ်။

ဘက္ထရီက 5,000 mAh တောင်ဖြစ်ပြီး OS ကတော့ နောက်ဆုံးပေါ် Android 10 ပါ။ Dazzle Blue နဲ့ Moonstone White အရောင်နှစ်မျိုးရရှိနိုင်မယ့် Y30 ဖုန်းဟာ မလေးရင်းဂစ် ၈၉၉ (မြန်မာငွေ နှစ်သိန်းကိုးသောင်းခန့်) ကျသင့်ပါတယ်။

Ref – GSM Arena