Samsung ဟာ မကြာခင်မှာ Flagship Android Tablet တွေဖြစ်လာမယ့် Galaxy Tab S7 Series ကို မိတ်ဆက်လာတော့မှာပါ။ ယခုနှစ်မှာတော့ ပုံမှန်မိတ်ဆက်နေကျဖြစ်တဲ့ Galaxy Tab S7 အစား Screen Size ပိုမိုကြီးမားတဲ့ Galaxy Tab S7+ ကိုပါ မိတ်ဆက်လာမယ်လို့ သိရပါတယ်။

အခုလိုမျိုး Galaxy Tab S7 အပြင် Tab S7+ ကို မိတ်ဆက်လာတာက Apple iPad Pro တွေနဲ့ တိုက်ရိုက်ယှဥ်ပြိုင်သွားမှာဖြစ်ပြီး အခုသိရတဲ့သတင်းအရလည်း Apple iPad Pro တွေမှာပါဝင်တဲ့ Feature တစ်ခုကိုပါ Galaxy Tab S7 Series မှာ ထည့်သွင်းလာတော့မှာပါ။ ဒါကတော့ Screen Refresh Rate ကို 120Hz အထိ Support ပေးသွားမှာပဲဖြစ်ပါတယ်။

Samsung ဟာ ယခုနှစ်အစောပိုင်းမှာလည်း Galaxy S20 Series စမတ်ဖုန်းတွေမှာ 120Hz Refresh Rate Display တွေကို အသုံးပြုခဲ့ပါသေးတယ်။ ဒါပေမယ့် အဆိုပါ Galaxy S20 Series တွေမှာ 120Hz Refresh Rate နဲ့အသုံးပြုချင်တယ်ဆိုရင် Quad HD+ Resolution အစား Full HD+ ကိုပဲ ဆင်းသုံးရတဲ့အတွက် အခု Galaxy Tab S7 Series မှာရော 120Hz Refresh Rate အတွက် Resolution ချသုံးရမလားဆိုတာကိုတော့ သေချာမသိရှိရသေးပါဘူး။

Samsung Galaxy Tab S7 Series ဟာ Dual Camera Setup ၊ Stereo Speakers ၊ USB-C နဲ့ Qualcomm Snapdragon 865 Chipset တွေကိုအသုံးပြုထားမှာဖြစ်ပြီး Wi-Fi Version အပြင် 5G Version ကိုပါ ရောင်းချသွားမှာဖြစ်ပါတယ်။ Galaxy Note Series ဖုန်းတွေလိုမျိုးပဲ S Pen ပါဝင်မှာဖြစ်ပြီး Android 10 OS ကို အသုံးပြုလာမှာပါ။

Ref – Gizmo China