Huawei ဟာ Laptop ကွန်ပျူတာစျေးကွက်အပြင် Desktop နဲ့ Monitor စျေးကွက်ကိုပါ မကြာခင်ဝင်ရောက်တော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း Huawei Monitor အသစ်ရဲ့ Design တွေကပေါက်ကြားခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း Huawei တင် Monitor စျေးကွက်ကို ဝင်ရောက်လာမှာမဟုတ်ဘဲ Sub-company တစ်ခုဖြစ်တဲ့ Honor ကနေလည်း Monitor စျေးကွက်ကိုပါ ဝင်ရောက်လာမယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လည်းဆိုရင် အခုအချိန်မှာ 23.8″ Honor Display နာမည်နဲ့ Monitor အသစ်ရဲ့ ဓါတ်ပုံတွေပေါက်ကြားခဲ့တာကြောင့်ဖြစ်ပါတယ်။

အဆိုပါ Honor Display ဟာ Huawei Monitor နဲ့ဆင်တူပြီး Design အပြင် Display Size ကလည်း 23.8″ နဲ့ တူညီနေမှာဖြစ်ပါတယ်။ နောက်ဖက်မှာပါဝင်တဲ့ HDMI ၊ Display Port နဲ့ Power Port တွေကလည်း ဆင်တူနေတာကိုတွေ့ရပါတယ်။ ဖြစ်နိုင်တာကတော့ Honor Display ဟာ Huawei Monitor ကိုပဲ နာမည်ပြောင်းထားပြီး စျေးနှုန်းအနည်းငယ်ပိုသက်သာတဲ့ Version အနေနဲ့ ထွက်ရှိလာနိုင်ပါတယ်။

Huawei ဟာ ယခု Monitor တွေအတွက် Display ကို Vison-Electronic Technology (BOEVT) ကနေ ရယူတာဖြစ်ပြီး လာမယ့်အချိန်တိုအတွင်းမှာ Gaming Monitor ၊ Router တွေအပြင် တခြားသော Product အများအပြားကိုပါ မိတ်ဆက်သွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ယခုထွက်ရှိလာတဲ့ Honor နဲ့ Huawei Monitor တွေဟာ 90% Screen-to-Body Ratio ၊ 72% NTSC Color Gamut အပြင် 144Hz Refresh Rate ကိုပါ Support ပြုလုပ်လာနိုင်ပါတယ်။ မိတ်ဆက်မယ့်အချိန်ကိုတော့ တရားဝင်မသိရှိရသေးပေမယ့် လာမယ့်နှစ်မကုန်ခင်မှာ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Ref – Gizmo China