Honor က Play Series ဖုန်း အသစ်တွေကို ဇွန်လ ၃ ရက်နေ့မှာ ကြေညာတော့မှာ ဖြစ်ပြီး Honor Play 4 နဲ့ Honor Play 4 Pro တို့ ဖြစ်ပါတယ်။ Play 4T , Play 4T Pro တို့နဲ့ မတူညီပါဘူး။ အခုတော့ Honor ရဲ့ မန်နေဂျာ ဖြစ်သူက Honor Play 4 ရဲ့ အရောင် ၃ ရောင်ကို ပိုစတာ ၁ ခုနဲ့ မျှဝေလိုက်ပါတယ်။

TENAA မှာ မှတ်ပုံတင်ထားတဲ့ စာရင်းအရ Honor Play 4 မှာ ၆.၈၁ လက်မ 1080x2400p LCD မျက်နှာပြင်နဲ့ 4,200mAh ဘက်ထရီ ထည့်သွင်းထားမှာပါ။ 4 or 6 or 8GB RAM နဲ့ 64 or 128 or 256GB Storage တွေ ရွေးချယ်နိုင်မှာပါ။ အနောက်ဘက်မှာ 64MP Main , 8MP , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးနဲ့ အရှေ့ဘက်မှာ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါလာမှာပါ။ အရွယ်အစား အပြည့်အစုံမှာ 170 x 78.5 x 8.9mm ဖြစ်ပြီး ၂၁၃ ဂရမ် အလေးချိန်ရှိပါတယ်။

Chipset ကို မသိရသေးပေမယ့် Octa-core အမျိုးအစား ဖြစ်နိုင်ပြီး MediaTek Dimensity 800 လို့ ထင်ရပါတယ်။ Honor Play 4 Pro ရဲ့ Specs တွေလည်း ထွက်ပေါ်နေပါတယ်။ 5G ပါလာမှာ ဖြစ်ပြီး Kirin 820 Chipset မောင်းနှင်ထားနိုင်ပါတယ်။ Main ကင်မရာ အနေနဲ့ Sony IMX600y Sensor , 40W Fast Charging နဲ့ နားကြပ်ပေါက်တွေ ထည့်ထားနိုင်ပါတယ်။

Ref : gsmarena