နောက်ထွက်မယ့် iPad Air (5th Generation) မှာ လက်ရှိ iPad Pro 11 (2021) ရဲ့ ကိုယ်ထည်ကို သုံးထားမှာ ဖြစ်တယ်လို့ ဂျပန် ဘလော့ MacOtakara က သတင်းပေးထားပါတယ်။ iPad Air အသစ်မှာ TouchID လက်ဗွေရာ ကိရိယာကို ဘေးဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ ကင်မရာ ၂ လုံး ပါလာနိုင်ပါတယ်။

Apple က Air နဲ့ Pro မှာ ကွဲပြားမှု တချို့ ထည့်သွင်းထားမှာ ဖြစ်ပြီး MacOtakara က Pro ရဲ့ အရမ်းမြန်တဲ့ M1 အစား Apple A15 Chipset ပဲ Air မှာ ထည့်သွင်းထားနိုင်တယ်လို့ ပြောပါတယ်။ အဲဒီ Chipset ကိုပဲ iPhone 13 Series မှာ ထည့်သွင်းထားနိုင်ပါတယ်။ Apple ဟာ ဒီနှစ်ထွက်မယ့် iPad မော်ဒယ် အသစ်တွေအတွက် A15X Version ကိုလည်း ထုတ်လုပ်နိုင်ပါတယ်။ A15 Chipset မှာ 5G ဆက်သွယ်မှု ပါလာမှာ ဖြစ်ပြီး Air Series အတွက် ပထမဆုံး 5G တက်ဘလက် ဖြစ်လာမှာပါ။ iPad Air 5th Gen မှာ IPS LCD အစား OLED မျက်နှာပြင် ပြောင်းသုံးထားနိုင်ပြီး စပီကာကိုလည်း ၂ လုံးကနေ ၄ လုံးအထိ တိုးမြှင့် တပ်ဆင်ထားနိုင်ပါတယ်။

iPad mini အသစ်မှာ Air ဒီဇိုင်းကို သုံးထားနိုင်တယ်လို့ အရင်က သတင်းထွက်ခဲ့ပေမယ့် MacOtakara က အရင်မျိုးဆက် mini ဒီဇိုင်းကိုပဲ သုံးထားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် မျက်နှာပြင်ဟာ ၇.၉ လက်မ ကနေ ၈.၄ လက်မကို ပြောင်းသွားမှာပါ။ ဈေးကွက်လေ့လာဆန်းစစ်သူ Ross Young ကတော့ ၈.၃ လက်မ မျက်နှာပြင်ပဲ ပါလာမှာ ဖြစ်ပြီး Home Button ကို ဖယ်ရှားထားတဲ့အတွက် မျက်နှာပြင်ဘေးဘောင်တွေ ပါးလွှာလာမယ်လို့သတင်းပေးထားပါတယ်။

ဘာပဲပြောပြော mini အသစ်မှာ ဒီဇိုင်းတချို့ကို ဆန်းသစ်ထားနိုင်ပြီး Apple က Lightning Port အစား USB Type-C Port တပ်ဆင်ထားမယ်လို့ သတင်းပေါက်ကြားနေပါတယ်။ Apple ဟာ ၂၀၁၉ ခုနှစ်မှာ iPad mini မော်ဒယ်အသစ်ကို ကြေညာခဲ့ပြီး A12 SoC နဲ့ Apple Pencil Support တွေ ပါလာပါတယ်။

Ref : gsmarena