Unicode

iQOO ဟာ Vivo ရဲ့ အမှတ်တံဆိပ်ခွဲတစ်ခုအဖြစ် ပြီးခဲ့တဲ့နှစ်မှာ စတင်ခဲ့တာပါ။ သူ့ရဲ့ပထမဆုံးဖုန်းရဲ့အမည်က iQOO ဖြစ်ပေမယ့် လူတွေကတော့ Vivo iQOO လို့ပဲခေါ်ခဲ့ကြပါတယ်။ ၂၀၂၀ နှစ်စမှာ အမှတ်တံဆိပ်တစ်ခု ပီပြင်စွာဖြစ်ပေါ်လာတဲ့ iQOO ဟာ ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်တွေထဲက တစ်ခုဖြစ်တဲ့ အိန္ဒိယကို ဝင်ရောက်အခြေချတော့မယ်လို့ ကြေညာခဲ့ပြီး လာမယ့်ဖေဖော်ဝါရီလမှာ သူ့ရဲ့ Flagship ဖုန်းအသစ်အား အိန္ဒိယနိုင်ငံတွင်းမှာ မိတ်ဆက်သွားမှာလည်းဖြစ်ပါတယ်။

ယနေ့ထွက်ပေါ်လာတဲ့သတင်းအရတော့ အဆိုပါ Flagship အသစ်ရဲ့ အမည်ကို သိခွင့်ရခဲ့ပြီဖြစ်ပြီး ၎င်းကို iQOO 3 လို့ အမည်ပေးလာမှာဖြစ်ပါတယ်။ မူရင်း iQOO ဖုန်းရဲ့နောက်မှာ iQOO Neo စီးရီးနဲ့ Pro ဗားရှင်းတွေကိုပဲ မြင်ခဲ့ရပေမယ့် အခုတစ်ခါမှ iQOO 3 လို့ပေးလာမယ်ဆိုတာ နည်းနည်းတော့ ထူးဆန်းပါတယ်။

တရုတ်ဆိုရှယ်မီဒီယာ Weibo မှပေါက်ကြားထားတဲ့ သတင်းတွေအရတော့ iQOO 3 မှာ 6.44” လက်မအရွယ် 2400 x 1080p OLED Display တစ်ခုပါဝင်မယ်လို့ ဆိုထားပြီး အနိမ့်ဆုံး Refresh Rate 60Hz နဲ့အသုံးပြုရမှာပါ။ သူ့ရဲ့ အတွင်းမှာ 5G Modem ပါဝင်တဲ့ Snapdragon 865 ချစ်ပ်ဆက်ကို မြင်ရမယ်လို့လည်း ဆိုထားတာကြောင့် ဒီဖုန်းဟာ iQOO ရဲ့ ဒုတိယမြောက် 5G ဟန်းဆက်ဆိုရင်လည်း မမှားပါဘူး။

အဆိုပါသတင်းတွေအရတော့ iQOO 3 မှာ 48MP ဦးဆောင်တဲ့ Quad-camera အသုံးပြုလာမယ်လို့ ဆိုပါတယ်။ ဘက္ထရီက အရင်မျိုးဆက်တွေထက် ပမာဏပိုများမှာမဟုတ်ပေမယ့် ပိုမြန်မယ့် 55W Fast Charging စနစ်ကိုတော့ တွေ့ရဖို့ မျှော်မှန်းထားပါတယ်။ မူရင်း iQOO တုန်းက 44W Fast Charge စနစ်ပါဝင်ခဲ့ကာ ဘက္ထရီအပြည့်ဖြစ်ဖို့ ၄၅ မိနစ်သာ အားသွင်းခဲ့ရပါတယ်။

Ref – Gizmo China

Zawgyi

iQOO ဟာ Vivo ရဲ႕ အမွတ္တံဆိပ္ခြဲတစ္ခုအျဖစ္ ၿပီးခဲ့တဲ့ႏွစ္မွာ စတင္ခဲ့တာပါ။ သူ႕ရဲ႕ပထမဆုံးဖုန္းရဲ႕အမည္က iQOO ျဖစ္ေပမယ့္ လူေတြကေတာ့ Vivo iQOO လို႔ပဲေခၚခဲ့ၾကပါတယ္။ ၂၀၂၀ ႏွစ္စမွာ အမွတ္တံဆိပ္တစ္ခု ပီျပင္စြာျဖစ္ေပၚလာတဲ့ iQOO ဟာ ကမာၻ႕အႀကီးဆုံးစမတ္ဖုန္းေစ်းကြက္ေတြထဲက တစ္ခုျဖစ္တဲ့ အိႏၵိယကို ဝင္ေရာက္အေျခခ်ေတာ့မယ္လို႔ ေၾကညာခဲ့ၿပီး လာမယ့္ေဖေဖာ္ဝါရီလမွာ သူ႕ရဲ႕ Flagship ဖုန္းအသစ္အား အိႏၵိယႏုိင္ငံတြင္းမွာ မိတ္ဆက္သြားမွာလည္းျဖစ္ပါတယ္။

ယေန႔ထြက္ေပၚလာတဲ့သတင္းအရေတာ့ အဆုိပါ Flagship အသစ္ရဲ႕ အမည္ကို သိခြင့္ရခဲ့ၿပီျဖစ္ၿပီး ၄င္းကို iQOO 3 လို႔ အမည္ေပးလာမွာျဖစ္ပါတယ္။ မူရင္း iQOO ဖုန္းရဲ႕ေနာက္မွာ iQOO Neo စီးရီးနဲ႔ Pro ဗားရွင္းေတြကိုပဲ ျမင္ခဲ့ရေပမယ့္ အခုတစ္ခါမွ iQOO 3 လို႔ေပးလာမယ္ဆုိတာ နည္းနည္းေတာ့ ထူးဆန္းပါတယ္။

တရုတ္ဆုိရွယ္မီဒီယာ Weibo မွေပါက္ၾကားထားတဲ့ သတင္းေတြအရေတာ့ iQOO 3 မွာ 6.44” လက္မအရြယ္ 2400 x 1080p OLED Display တစ္ခုပါဝင္မယ္လို႔ ဆုိထားၿပီး အနိမ့္ဆုံး Refresh Rate 60Hz နဲ႔အသုံးျပဳရမွာပါ။ သူ႕ရဲ႕ အတြင္းမွာ 5G Modem ပါဝင္တဲ့ Snapdragon 865 ခ်စ္ပ္ဆက္ကို ျမင္ရမယ္လို႔လည္း ဆုိထားတာေၾကာင့္ ဒီဖုန္းဟာ iQOO ရဲ႕ ဒုတိယေျမာက္ 5G ဟန္းဆက္ဆုိရင္လည္း မမွားပါဘူး။

အဆုိပါသတင္းေတြအရေတာ့ iQOO 3 မွာ 48MP ဦးေဆာင္တဲ့ Quad-camera အသုံးျပဳလာမယ္လို႔ ဆုိပါတယ္။ ဘကၳရီက အရင္မ်ဳိးဆက္ေတြထက္ ပမာဏပိုမ်ားမွာမဟုတ္ေပမယ့္ ပုိျမန္မယ့္ 55W Fast Charging စနစ္ကိုေတာ့ ေတြ႕ရဖို႔ ေမွ်ာ္မွန္းထားပါတယ္။ မူရင္း iQOO တုန္းက 44W Fast Charge စနစ္ပါဝင္ခဲ့ကာ ဘကၳရီအျပည့္ျဖစ္ဖို႔ ၄၅ မိနစ္သာ အားသြင္းခဲ့ရပါတယ္။

Ref – Gizmo China