[Zawgyi]

LG ဟာ သူတို႔ရဲ႕ ေနာက္ဆုံးထုတ္ စမတ္ဖုန္းေတြျဖစ္တဲ့ V50 နဲ႔ G8 တို႔ကို ေၾကညာခဲ့ပါတယ္။ ဒီႏွစ္မ်ိဳးလုံးဟာ Snapdragon 855 သုံး Flagship ေတြျဖစ္ၾကေပမယ့္ တစ္မ်ိဳးနဲ႔တစ္မ်ိဳး မတူညီဘဲ ကြဲၾကားျခားနားၾကတဲ့ ဖုန္းေတြလည္း ျဖစ္ပါတယ္။ သူတို႔ဟာ မတူညီတဲ့ သုံးစြဲသူေတြကို ကိုယ္စီပစ္မွတ္ထား ထုတ္လုပ္ထားၾကတာ ျဖစ္ပါတယ္။

LG V50 ကေတာ့ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးရဲ႕ ပထမဆုံး 5G စမတ္ဖုန္း ျဖစ္လာပါတယ္။ ဒါေပမယ့္ သိပ္မၾကာခင္မွာပဲ အျခား 5G စမတ္ဖုန္းေတြက LG အမွတ္တံဆိပ္နဲ႔ အေျမာက္အမ်ား ထြက္ေပၚလာဦးမွာပါပဲ။ အျခားအမ်ိဳးအစားတစ္မ်ိဳးျဖစ္တဲ့ LG G8 ကေတာ့ Flagship Features ေတြနဲ႔ဆိုေပမယ့္ 4G LTE ကိုပဲ ေထာက္ပံ့ေပးပါတယ္။

ဒီဖုန္းႏွစ္လုံးအေၾကာင္း ေၾကညာၿပီးတဲ့ေနာက္ ေတာင္ကိုရီးယား နည္းပညာကုမၸဏီႀကီးက သူတို႔အေနနဲ႔ အနာဂတ္ရဲ႕ ထုတ္လုပ္မႈေတြမွာ V series flagships ေတြကသာ 5G စမတ္ဖုန္းေတြအျဖစ္ ထြက္ေပၚလာမွာျဖစ္ေၾကာင္း အတည္ျပဳသြားခဲ့ပါတယ္။ ဒီလိုမ်ိဳး ခြဲျခားလိုက္ရတာက LG ရဲ႕ ေဈးကြက္ရွာေဖြေရးနဲ႔ အေရာင္းအဖြဲ႕ရဲ႕ ဆုံးျဖတ္ခ်က္ေၾကာင့္ ျဖစ္တယ္လို႔လည္း သိရပါတယ္။

အကယ္၍သာ LG အေနနဲ႔ ဒီဖုန္းႏွစ္လုံးရဲ႕ ေဈးႏႈန္းေတြကို မတိမ္းမယိမ္းမွာထားဖို႔ ဆုံးျဖတ္လိုက္မယ္ဆိုရင္ V series ေတြဟာ နည္းပညာဆိုင္ရာဆန္းသစ္မႈပိုင္းမွာ ေလ်ာ့က်သြားႏိုင္ၿပီး G series ေတြကေတာ့ အေတာ္ေလးကို တိုးတက္ေကာင္းမြန္လာမွာ ျဖစ္ပါတယ္။

5G စမတ္ဖုန္းေတြဟာ ဘက္ထရီပိုင္းကအစ ေတာင္းဆိုမႈမ်ားျပားတာေၾကာင့္ သာမန္ 4G LTE ဖုန္းေတြေလာက္ Specs ပိုင္းမွာ ေလွ်ာ့ခ်ထားလို႔ မရတဲ့အတြက္ ထုတ္လုပ္မႈကုန္က်စရိတ္က မ်ားပါတယ္။ LG အေနနဲ႔ကေတာ့ ေဈးကြက္အေျခအေနေပၚ တြက္ဆၿပီး အခုလိုဆုံးျဖတ္လိုက္ရတဲ့ အေနအထားပဲ ျဖစ္ပါတယ္။

Ref: Phone Arena

[Unicode]

လာမယ့် LG V Series ဖုန်းတွေဟာ 5G သာဖြစ်ပြီး G Series တွေကတော့ 4G အဖြစ်ကျန်ခဲ့မယ်

LG ဟာ သူတို့ရဲ့ နောက်ဆုံးထုတ် စမတ်ဖုန်းတွေဖြစ်တဲ့ V50 နဲ့ G8 တို့ကို ကြေညာခဲ့ပါတယ်။ ဒီနှစ်မျိုးလုံးဟာ Snapdragon 855 သုံး Flagship တွေဖြစ်ကြပေမယ့် တစ်မျိုးနဲ့တစ်မျိုး မတူညီဘဲ ကွဲကြားခြားနားကြတဲ့ ဖုန်းတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ မတူညီတဲ့ သုံးစွဲသူတွေကို ကိုယ်စီပစ်မှတ်ထား ထုတ်လုပ်ထားကြတာ ဖြစ်ပါတယ်။

LG V50 ကတော့ တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်လာပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ အခြား 5G စမတ်ဖုန်းတွေက LG အမှတ်တံဆိပ်နဲ့ အမြောက်အများ ထွက်ပေါ်လာဦးမှာပါပဲ။ အခြားအမျိုးအစားတစ်မျိုးဖြစ်တဲ့ LG G8 ကတော့ Flagship Features တွေနဲ့ဆိုပေမယ့် 4G LTE ကိုပဲ ထောက်ပံ့ပေးပါတယ်။

ဒီဖုန်းနှစ်လုံးအကြောင်း ကြေညာပြီးတဲ့နောက် တောင်ကိုရီးယား နည်းပညာကုမ္ပဏီကြီးက သူတို့အနေနဲ့ အနာဂတ်ရဲ့ ထုတ်လုပ်မှုတွေမှာ V series flagships တွေကသာ 5G စမတ်ဖုန်းတွေအဖြစ် ထွက်ပေါ်လာမှာဖြစ်ကြောင်း အတည်ပြုသွားခဲ့ပါတယ်။ ဒီလိုမျိုး ခွဲခြားလိုက်ရတာက LG ရဲ့ ဈေးကွက်ရှာဖွေရေးနဲ့ အရောင်းအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။

အကယ်၍သာ LG အနေနဲ့ ဒီဖုန်းနှစ်လုံးရဲ့ ဈေးနှုန်းတွေကို မတိမ်းမယိမ်းမှာထားဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် V series တွေဟာ နည်းပညာဆိုင်ရာဆန်းသစ်မှုပိုင်းမှာ လျော့ကျသွားနိုင်ပြီး G series တွေကတော့ အတော်လေးကို တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

5G စမတ်ဖုန်းတွေဟာ ဘက်ထရီပိုင်းကအစ တောင်းဆိုမှုများပြားတာကြောင့် သာမန် 4G LTE ဖုန်းတွေလောက် Specs ပိုင်းမှာ လျှော့ချထားလို့ မရတဲ့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်က များပါတယ်။ LG အနေနဲ့ကတော့ ဈေးကွက်အခြေအနေပေါ် တွက်ဆပြီး အခုလိုဆုံးဖြတ်လိုက်ရတဲ့ အနေအထားပဲ ဖြစ်ပါတယ်။

Ref: Phone Arena