Moto Z3 Play ဟာ နောက် ရက်သတ္တပတ် အနည်းငယ်မှာ ထွက်ရှိတော့မှာပါ။ ဒါပေမယ့် အခု Media တွေမှာ ပျံ့နှံ့နေတဲ့ Moto Z3 Play ရဲ့ ဓာတ်ပုံတချို့က စောင့်နေတဲ့ လူတွေအတွက် မျှော်လင့်ချက် တချို့ ပေးသွားပါတယ်။ ဒါ့အပြင် 5G Network လည်း ပါမှာဆိုတော့ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတယ်။

Source: gsmarena.com

ထွက်ရှိထားတဲ့ ဓာတ်ပုံတွေအရ Moto Z3 Play ဟာ 6 – Inch Display ကို 18:9 Ratio ဖြစ်နိုင်ပြီး Android 8.x Oreo နဲ့ Run ထားနိုင်ပါတယ်။ ဒါ့အပြင် Snapdragon 636 Chipset ကို သုံးထားနိုင်ပြီး RAM အနေနဲ့ 4GB ဖြစ်နိုင်ပါတယ်။ Storage အနေနဲ့ကတော့  32GB နဲ့ 64GB ဆိုပြီး ပါလာနိုင်တယ်လို့ ခန့်မှန်း နေကြပါတယ်။

Source: gsmarena.com

Motorola ဟာ ဒီ Moto Z3 Play ကို ဘယ်တော့ Launch လုပ်မယ်လို့ အတိအကျ မကြေညာသေးပေမယ့် ဓာတ်ပုံတွေ ပျံ့နှံ့နေပုံကိုထောက်ပြီး Launch Date က နီးကပ်နေပြီလို့ ခန့်မှန်းနေကြပါတယ်။ ဒါ့အပြင် လာမယ့် ဇွန်လ ၆ ရက်နေ့မှာ Motorola အနေနဲ့ Product Event တစ်ခုရှိနေတဲ့အတွက် အဲ့ Event မှာ Launch လုပ်သွားနိုင်ပါတယ်။ ဘယ်လို Feature အသစ်တွေပါလာမလဲ ၊ 5G Network ကရော တကယ်မြန်ရဲ့လား စတဲ့ မေးခွန်းတွေကိုတော့ ထွက်လာမှပဲ အတူတူ ကြည့်ကြတာပေါ့။