Unicode

Realme ဟန်းဆက်အသစ်တစ်ခုဟာ AnTuTu ပလက်ဖောင်းပါ်ကို မော်ဒယ်နံပါတ် RMX2071 နဲ့ ရောက်လာခဲ့ပြီး စမ်းသပ်မှုမှာ လက်ရှိ သူ့ကုမ္ပဏီမှ ဟန်းဆက်တွေအားလုံးရဲ့ ရမှတ်စံချိန်ထက် ကျော်လွန်ရရှိခဲ့တာကြောင့် Flagship ဖုန်းအသစ်လို့ ယူဆရပါတယ်။

RMX2071 ဖုန်းဟာ AnTuTu မှာ ရမှတ် 574,985 တောင်ရရှိခဲ့တာဖြစ်ပြီး Qualcomm ရဲ့မျိုးဆက်သစ် Snapdragon 865 ချစ်ပ်ဆက်ကို အသုံးပြုထားတယ်လို့ ခန့်မှန်းရပါတယ်။ ဒီချစ်ပ်ဆက်ကို ဒီဇင်ဘာကမှ မိတ်ဆက်ခဲ့ပြီး သူကြေညာပြီးတာနဲ့ SD865 ပါတဲ့ဖုန်းတွေထုတ်မယ်လို့ အစောဆုံးပြောလာတဲ့အထဲမှာ Realme လည်း အပါအဝင်ပါ။

ဒီဟန်းဆက်အသစ်ဟာ Realme ရဲ့ပထမဆုံး 5G စမတ်ဖုန်းအဖြစ် အခုလအစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Realme X50 ရဲ့ Pro ဗားရှင်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဈေးကွက်ထဲကို Realme X50 Pro အမည်နဲ့ ရောက်လာနိုင်ပြီး လောလောဆယ်တော့ ကုမ္ပဏီက နာမည်ကို အတည်မပြုရသေးပါဘူး။

Realme ဟာ ဖေဖော်ဝါရီလမှာ ကျင်းပမယ့် MWC ပွဲမှာ Press Event တစ်ခုလုပ်ဖို့ အတည်ပြုထားပြီး လက်ရှိ တရုတ်ဈေးကွက်မှာပဲရသေးတဲ့ Realme X50 5G ကို နိုင်ငံတကာစင်မြင့်မှာ ပွဲထုတ်လာမယ်လို့ ထင်ထားကြတာပါ။ ဒါပေမယ့် အဖွဲ့ဝင်သစ်ကို မိတ်ဆက်လာမယ်ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။

Ref – Playful Droid

Zawgyi

Realme ဟန္းဆက္အသစ္တစ္ခုဟာ AnTuTu ပလက္ေဖာင္းပၚကို ေမာ္ဒယ္နံပါတ္ RMX2071 နဲ႔ ေရာက္လာခဲ့ၿပီး စမ္းသပ္မႈမွာ လက္ရွိ သူ႕ကုမၸဏီမွ ဟန္းဆက္ေတြအားလုံးရဲ႕ ရမွတ္စံခ်ိန္ထက္ ေက်ာ္လြန္ရရွိခဲ့တာေၾကာင့္ Flagship ဖုန္းအသစ္လုိ႔ ယူဆရပါတယ္။

RMX2071 ဖုန္းဟာ AnTuTu မွာ ရမွတ္ 574,985 ေတာင္ရရွိခဲ့တာျဖစ္ၿပီး Qualcomm ရဲ႕မ်ဳိးဆက္သစ္ Snapdragon 865 ခ်စ္ပ္ဆက္ကို အသုံးျပဳထားတယ္လို႔ ခန္႔မွန္းရပါတယ္။ ဒီခ်စ္ပ္ဆက္ကို ဒီဇင္ဘာကမွ မိတ္ဆက္ခဲ့ၿပီး သူေၾကညာၿပီးတာနဲ႔ SD865 ပါတဲ့ဖုန္းေတြထုတ္မယ္လို႔ အေစာဆုံးေျပာလာတဲ့အထဲမွာ Realme လည္း အပါအဝင္ပါ။

ဒီဟန္းဆက္အသစ္ဟာ Realme ရဲ႕ပထမဆုံး 5G စမတ္ဖုန္းအျဖစ္ အခုလအေစာပုိင္းမွာ မိတ္ဆက္ခဲ့တဲ့ Realme X50 ရဲ႕ Pro ဗားရွင္းျဖစ္ႏုိင္ပါတယ္။ ဒါ့ေၾကာင့္ ေစ်းကြက္ထဲကို Realme X50 Pro အမည္နဲ႔ ေရာက္လာႏုိင္ၿပီး ေလာေလာဆယ္ေတာ့ ကုမၸဏီက နာမည္ကို အတည္မျပဳရေသးပါဘူး။

Realme ဟာ ေဖေဖာ္ဝါရီလမွာ က်င္းပမယ့္ MWC ပြဲမွာ Press Event တစ္ခုလုပ္ဖို႔ အတည္ျပဳထားၿပီး လက္ရွိ တရုတ္ေစ်းကြက္မွာပဲရေသးတဲ့ Realme X50 5G ကို ႏုိင္ငံတကာစင္ျမင့္မွာ ပြဲထုတ္လာမယ္လို႔ ထင္ထားၾကတာပါ။ ဒါေပမယ့္ အဖြဲ႕ဝင္သစ္ကို မိတ္ဆက္လာမယ္ဆုိရင္လည္း ျဖစ္ႏုိင္ပါတယ္။

Ref – Playful Droid