Zawgyi

Vivo ကုမၸဏီရဲ႕ ေနာက္ထြက္မယ့္ Entry-level စမတ္ဖုန္းတစ္လုံးကို ကုမၸဏီရဲ႕ Weibo အေကာင့္ကေန ရုတ္တရက္ဆုိသလို Tease လုပ္လာခဲ့ပါတယ္။ Vivo U3 ရဲ႕ပထမဆုံးပုံရိပ္ထဲမွာ ဒီဖုန္းဟာ Snapdragon 675 ခ်စ္ပ္ဆက္ အသုံးျပဳထားတယ္ဆုိတာနဲ႔ ေနာက္ေက်ာဘက္ဒီဇုိင္းတုိ႔ကိုပါ ျမင္ေတြ႕ခဲ့ရတယ္။

ေက်ာဘက္မွာ Triple-camera နဲ႔အတူ Fingerprint တစ္ခုကိုပါ ေတြ႕ရမွာပါ။ လုိဂုိေနရာခ်ထားတဲ့ပုံစံကလြဲရင္ U3 ဟာ ေရွ႕က Vivo U10 ကို ျပန္လည္ဆန္းသစ္ထားခဲ့တဲ့ Vivo U3x နဲ႔အေတာ္ေလးဆင္တူတာကိုလည္း ေတြ႕ရပါတယ္။

သိပ္မၾကာေသးခင္ကလည္း TENAA ဝက္ဆုိက္ေပၚမွာ Snapdragon 675 ကိုပဲ အသုံးျပဳထားတဲ့ ဖုန္းတစ္လုံးကို ေမာ္ဒယ္နံပါတ္ V1934A/T နဲ႔ေတြ႕ရွိခဲ့ရပါတယ္။ အဆုိပါဖုန္းမွာ 6.53” လက္မအရြယ္ FHD+ Display တစ္ခုပါဝင္ၿပီး Waterdrop Notch ေလးထဲမွာ 16MP Selfie ကင္မရာပါဝင္တာကို စာရင္းမွာေဖာ္ျပထားခဲ့ပါတယ္။

ေနာက္ဘက္မွာ 16MP အဓိက Sensor တစ္ခုကို 8MP Ultrawide ကင္မရာနဲ႔ 2MP Depth Sensor တစ္ခုတုိ႔နဲ႔ ထုံးစံအတုိင္းျမင္ေတြ႕ရၿပီး မန္မုိရီပုိင္းမွာေတာ့ 128GB Storage ကို 4GB သို႔မဟုတ္ 6GB RAM မန္မုိရီနဲ႔ တြဲဖက္ေရြးခ်ယ္ႏုိင္ပါတယ္။

Vivo U3 ရဲ႕ဘကၳရီကလည္း 5,000 mAh ေတာင္ျဖစ္လို႔ Entry-level ေတြရဲ႕ အေျခခံ Specs ကေတာင္ ေတာ္ေတာ္ေလးျမင့္တက္လာၿပီလို႔ ဆုိရမွာပါ။ ဒီဖုန္းကို ေအာက္တုိဘာ ၂၁ ရက္ေန႔မွာတင္ ေစ်းကြက္ထဲ ခ်ျပလာမယ္လို႔ ယူဆရၿပီး တရုတ္ယြမ္ ၁၀၀၀ (ျမန္မာေငြ ႏွစ္သိန္းတစ္ေသာင္းေက်ာ္) ေလာက္ သတ္မွတ္လာမွာျဖစ္ပါတယ္။

Ref – GSM Arena

Unicode

Vivo ကုမ္ပဏီရဲ့ နောက်ထွက်မယ့် Entry-level စမတ်ဖုန်းတစ်လုံးကို ကုမ္ပဏီရဲ့ Weibo အကောင့်ကနေ ရုတ်တရက်ဆိုသလို Tease လုပ်လာခဲ့ပါတယ်။ Vivo U3 ရဲ့ပထမဆုံးပုံရိပ်ထဲမှာ ဒီဖုန်းဟာ Snapdragon 675 ချစ်ပ်ဆက် အသုံးပြုထားတယ်ဆိုတာနဲ့ နောက်ကျောဘက်ဒီဇိုင်းတို့ကိုပါ မြင်တွေ့ခဲ့ရတယ်။

ကျောဘက်မှာ Triple-camera နဲ့အတူ Fingerprint တစ်ခုကိုပါ တွေ့ရမှာပါ။ လိုဂိုနေရာချထားတဲ့ပုံစံကလွဲရင် U3 ဟာ ရှေ့က Vivo U10 ကို ပြန်လည်ဆန်းသစ်ထားခဲ့တဲ့ Vivo U3x နဲ့အတော်လေးဆင်တူတာကိုလည်း တွေ့ရပါတယ်။

သိပ်မကြာသေးခင်ကလည်း TENAA ဝက်ဆိုက်ပေါ်မှာ Snapdragon 675 ကိုပဲ အသုံးပြုထားတဲ့ ဖုန်းတစ်လုံးကို မော်ဒယ်နံပါတ် V1934A/T နဲ့တွေ့ရှိခဲ့ရပါတယ်။ အဆိုပါဖုန်းမှာ 6.53” လက်မအရွယ် FHD+ Display တစ်ခုပါဝင်ပြီး Waterdrop Notch လေးထဲမှာ 16MP Selfie ကင်မရာပါဝင်တာကို စာရင်းမှာဖော်ပြထားခဲ့ပါတယ်။

နောက်ဘက်မှာ 16MP အဓိက Sensor တစ်ခုကို 8MP Ultrawide ကင်မရာနဲ့ 2MP Depth Sensor တစ်ခုတို့နဲ့ ထုံးစံအတိုင်းမြင်တွေ့ရပြီး မန်မိုရီပိုင်းမှာတော့ 128GB Storage ကို 4GB သို့မဟုတ် 6GB RAM မန်မိုရီနဲ့ တွဲဖက်ရွေးချယ်နိုင်ပါတယ်။

Vivo U3 ရဲ့ဘက္ထရီကလည်း 5,000 mAh တောင်ဖြစ်လို့ Entry-level တွေရဲ့ အခြေခံ Specs ကတောင် တော်တော်လေးမြင့်တက်လာပြီလို့ ဆိုရမှာပါ။ ဒီဖုန်းကို အောက်တိုဘာ ၂၁ ရက်နေ့မှာတင် ဈေးကွက်ထဲ ချပြလာမယ်လို့ ယူဆရပြီး တရုတ်ယွမ် ၁၀၀၀ (မြန်မာငွေ နှစ်သိန်းတစ်သောင်းကျော်) လောက် သတ်မှတ်လာမှာဖြစ်ပါတယ်။

Ref – GSM Arena