[Zawgyi]

Xiaomi က ကမာၻအ၀န္းမွ POCO F1 Users ေတြအတြက္ MIUI 11 Stable ကို စတင္ ျဖန္႔ခ်ိေပးလိုက္ပါၿပီ။ Reddit Users ေတြက သူတို႔ရဲ႕ စမတ္ဖုန္းေတြမွာ OTA ကေန MIUI Version အသစ္ကို တင္လို႔ရေနၿပီလုိ႔ ေျပာပါတယ္။ ဒါေပမယ့္ Android 9 Pie အေျချပဳ MIUI 11 ျဖစ္ေနတာက သိပ္မမိုက္ပါဘူး။

Update မွာ MIUI 11 Features ေတြ ပါတဲ့အျပင္ ေအာက္တိုဘာလအတြက္ Security Patch လည္း ပါလာပါတယ္။ အီတလီက User ၁ ေယာက္ကလည္း Stable Build ရၿပီလို႔ ေျပာပါတယ္။ လာမယ့္ ရက္ပိုင္းအတြင္းမွာ တစ္ကမာၻလံုးအတြက္ ျဖည္းျဖည္းခ်င္း ျဖန္႔ခ်ိေပးႏုိင္ပါတယ္။ OTA Update ကို မေစာင့္ခ်င္ရင္ Stable ROM ကို Download လုပ္ၿပီး Flash လုပ္ႏုိင္ပါတယ္။ ဖိုင္အရြယ္အစားက 1.8GB ေတာင္ရွိတဲ့အတြက္ WiFi ဆက္သြယ္မႈနဲ႔ တင္ဖို႔ အၾကံေပးလိုက္ပါတယ္။

POCO F1 ဟာ လက္ရွိမွာ Android 9 Pie ကိုပဲရေသးေပမယ့္ Android 10 Update ရမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ ဒါေပမယ့္ ျဖန္႔ခ်ိေပးမယ့္ ေန႔ရက္အတိအက်ကိုေတာ့ မသိရေသးပါဘူး။ ဒီႏွစ္ကုန္ေလာက္မွာ ရႏုိင္မယ္လို႔ ထင္ပါတယ္။ Redmi Note 7 Pro နဲ႔ Redmi 7 ေတြဟာလည္း MIUI 11 Stable Build ကို ၿပီးခဲ့တဲ့ ရက္အနည္းငယ္က ရထားပါတယ္။

Update သတင္းအရ Mi Pilot MIUI Users ေတြပဲ POCO F1 မွာ MIUI 11 Global Stable Update ကို ရထားတယ္လို႔ထင္ပါတယ္။ လာမယ့္ ရက္ပိုင္းမွာ လူတိုင္းရေတာ့မွာ ျဖစ္ပါတယ္။

Ref : gizmochina

[Unicode]

POCO F1 အတွက် MIUI 11 Stable ရပြီ

Xiaomi က ကမ္ဘာအဝန်းမှ POCO F1 Users တွေအတွက် MIUI 11 Stable ကို စတင် ဖြန့်ချိပေးလိုက်ပါပြီ။ Reddit Users တွေက သူတို့ရဲ့ စမတ်ဖုန်းတွေမှာ OTA ကနေ MIUI Version အသစ်ကို တင်လို့ရနေပြီလို့ ပြောပါတယ်။ ဒါပေမယ့် Android 9 Pie အခြေပြု MIUI 11 ဖြစ်နေတာက သိပ်မမိုက်ပါဘူး။

Update မှာ MIUI 11 Features တွေ ပါတဲ့အပြင် အောက်တိုဘာလအတွက် Security Patch လည်း ပါလာပါတယ်။ အီတလီက User ၁ ယောက်ကလည်း Stable Build ရပြီလို့ ပြောပါတယ်။ လာမယ့် ရက်ပိုင်းအတွင်းမှာ တစ်ကမ္ဘာလုံးအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးနိုင်ပါတယ်။ OTA Update ကို မစောင့်ချင်ရင် Stable ROM ကို Download လုပ်ပြီး Flash လုပ်နိုင်ပါတယ်။ ဖိုင်အရွယ်အစားက 1.8GB တောင်ရှိတဲ့အတွက် WiFi ဆက်သွယ်မှုနဲ့ တင်ဖို့ အကြံပေးလိုက်ပါတယ်။

POCO F1 ဟာ လက်ရှိမှာ Android 9 Pie ကိုပဲရသေးပေမယ့် Android 10 Update ရမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ ဒါပေမယ့် ဖြန့်ချိပေးမယ့် နေ့ရက်အတိအကျကိုတော့ မသိရသေးပါဘူး။ ဒီနှစ်ကုန်လောက်မှာ ရနိုင်မယ်လို့ ထင်ပါတယ်။ Redmi Note 7 Pro နဲ့ Redmi 7 တွေဟာလည်း MIUI 11 Stable Build ကို ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရထားပါတယ်။

Update သတင်းအရ Mi Pilot MIUI Users တွေပဲ POCO F1 မှာ MIUI 11 Global Stable Update ကို ရထားတယ်လို့ထင်ပါတယ်။ လာမယ့် ရက်ပိုင်းမှာ လူတိုင်းရတော့မှာ ဖြစ်ပါတယ်။

Ref : gizmochina