Apple ဟာ Siri Update ကိုထုတ်ပေးလိုက်ပြီး ဒီ Update မှာ အသုံးပြုသူအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး Siri ကို မေးမြန်းနိုင်တယ်လို့ သိရပါတယ်။ အသုံးပြုသူက ကိုရိုနာဗိုင်းရပ်စ် ရှိမရှိကို Siri ဆီ မေးမြန်းနိုင်ပြီး Siri ကပြန်မေးတဲ့ မေးခွန်းတွေကို “Yes” or “No” ဖြေသွားရုံနဲ့ အခြေအနေကို သိရမှာ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ မေးတဲ့အခါ Siri က သင့်ဟာ ချောင်းခြောက်ဆိုးနေပြီလား၊ အဖျားရှိနေပြီလား၊ အသက်ရှူရကြပ်နေပြီလား စတဲ့မေးခွန်းတွေ ပြန်မေးမှာဖြစ်ပြီး “ဟုတ်တယ်” “မဟုတ်ဘူး” ဒါမှမဟုတ် “မသေချာဘူး” လို့ပဲ ပြန်ဖြေရမှာ ဖြစ်ပါတယ်။

အကယ်၍ “မဟုတ်ဘူး” လို့ဖြေတယ်ဆိုရင်တော့ ရောဂါလက္ခဏာပြနေတဲ့သူကို အနီးကပ် ထိတွေ့ဆက်ဆံခဲ့ခြင်း ရှိ၊မရှိကို Siri က ထပ်ပြီးမေးမှာ ဖြစ်ပါတယ်။ ဒီမေးခွန်းအတွက်လည်း “ဟုတ်တယ်” “မဟုတ်ဘူး” “မသေချာဘူး” ဆိုတဲ့ အဖြေသုံးမျိုး ထပ်ပြီး ဖြေဆိုရမှာ ဖြစ်ပါတယ်။

ဒီအဖြေတွေပေါ်မူတည်ပြီး ကိုရိုနာဗိုင်းရပ်စ် ကူးနေပြီလား၊ မကူးသေးဘူးလား၊ ဒါမှမဟုတ် ကူးစက်ခံရနိုင်ခြေ များသလား စတဲ့ဖြစ်နိုင်ခြေတွေကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး ဆရာဝန်ဆီသွားသင့်၊ မသွားသင့်ကိုလည်း အကြံပေးမှာ ဖြစ်ပါတယ်။

အသုံးပြုသူရဲ့ တုံ့ပြန်မှုနဲ့ အဖြေတွေပေါ်မူတည်ပြီး Siri က အရေးပေါ်ဝန်ဆောင်မှုနံပါတ် (911) ကို ခေါ်သင့်၊ မခေါ်သင့် ဆုံးဖြတ်ပါလိမ့်မယ်။ ဖြေတဲ့အဖြေအရ အနုတ်လက္ခဏာဆောင်နေရာင် အိမ်မှာပဲနေဖို့၊ အခြားသူတွေနဲ့ ဆက်သွယ်တာ၊ ထိတွေ့ဆက်ဆံတာမျိုးမလုပ်ဖို့၊ ရောဂါလက္ခဏာ ပိုပြင်းထန်လာရင် ဆရာဝန်နဲ့ဆက်သွယ်ဖို့ အကြံပေးမယ်လို့ သိရပါတယ်။

Ref: Phone Arena