[Zawgyi]

ယခုအပတ္အေစာပုိင္းမွာ အေမရိကန္စစ္တပ္ရဲ႕ အၾကီးဆုံးအေျခစုိက္စခန္းျဖစ္တဲ့ Fort Bragg ဟာ တကယ္လို႔ ဆုိင္ဘာတုိက္ခုိက္ခံရရင္ ဘယ္လိုလုပ္မလဲဆုိတာကို သိရဖို႔အတြက္ ၾကိဳတင္မေၾကျငာထားဘဲ လွ်ပ္စစ္မီးျဖတ္ျခင္းကို ခံခဲ့ရၿပီးေနာက္ ေတာင္းပန္စာ ထုတ္ျပန္ခဲ့ပါတယ္။ ဒီစခန္းဟာ ဗုဒၶဟူးနဲ႔ ၾကာသပေတးေန႔ေတြမွာ ၁၂ နာရီၾကာေအာင္ လွ်ပ္စစ္ဓါတ္အားျပတ္ေတာက္ခဲ့ၿပီး ၾကိဳမေၾကျငာထားတဲ့အတြက္ စုိးရိမ္ပူပန္မႈနဲ႔ ရႈပ္ေထြးမႈအခ်ဳိ႕ ျဖစ္ပ်က္ခဲ့ပါတယ္။

တာဝန္ရွိသူေတြကေတာ့ ဒီေလ့က်င့္ခန္းဟာ မၾကာခင္ျဖစ္ေပၚေကာင္းျဖစ္ေပၚလာႏုိင္တဲ့ လုံျခဳံေရး က်ဳိးေပါက္မႈေတြအတြက္ ၾကိဳတင္ေလ့က်င့္တာျဖစ္ၿပီး တကယ့္အျဖစ္လို အေတြ႕အၾကဳံမ်ဳိးကို လုိခ်င္တာေၾကာင့္ ႀကိဳတင္မေၾကျငာခဲ့တာျဖစ္တယ္လို႔ ဆုိပါတယ္။

အေမရိကန္စစ္တပ္ကေတာ့ သူတုိ႔ရဲ႕လူမႈကြန္ရက္မွာ ဒီလိုျဖစ္ပြားခဲ့တဲ့အတြက္ ျပန္လည္ေတာင္းပန္ခဲ့ၿပီး ဒါဟာ တကယ့္ျဖစ္ရပ္ ျဖစ္ေပၚလာတဲ့အခါ အသင့္ရွိမႈကို ဆုံးျဖတ္ႏုိင္ဖို႔အတြက္ လုိအပ္တဲ့ စမ္းသပ္မႈျဖစ္တယ္လို႔ ဆုိခဲ့ပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ေတြမွာ တာဝန္ရွိသူေတြဟာ အေမရိကန္ႏုိင္ငံရဲ႕ လွ်ပ္စစ္စြမ္းအင္မွ်ေဝမႈနဲ႔ Infra ေတြက ဆုိင္ဘာတုိက္ခုိက္မႈကို ခံႏုိင္ပါ့မလားလို႔ ပူပန္မႈေတြ ျမင့္တက္လာခဲ့ပါတယ္။ ဒီလုိတုိက္ခုိက္မႈမ်ဳိးဟာ မျဖစ္ဖူးတာ မဟုတ္ဘဲ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္က ယူကရိန္းရဲ႕ လွ်ပ္စစ္ဓါတ္အားစက္ရုံေတြကို အလားတူ တုိက္ခုိက္မႈမ်ဳိး ျဖစ္ေပၚခဲ့ဖူးၿပီး အဲ့ဒီတုန္းက လက္သည္ေတြဟာ အေမရိကန္စစ္တပ္ရဲ႕ အေဆာက္အဦေတြကိုပါ ပစ္မွတ္ထားလာတာကို ေထာက္လွမ္းေတြ႕ရွိခဲ့ရတယ္လို႔ ဆုိပါတယ္။

တာဝန္က်စစ္သား ငါးေသာင္းေက်ာ္ရွိတဲ့ Fort Bragg ဟာ ကမာၻေပၚမွာ အၾကီးဆုံးစစ္စခန္းျဖစ္ၿပီး အေမရိကန္ XVIII ေလတပ္နဲ႔ အထူးေအာ္ပေရးရွင္းအမိန္႔ေပးယူနစ္တုိ႔ရဲ႕ အေျခစုိက္စခန္းလည္း ျဖစ္တယ္။ ဒါေၾကာင့္ ဒီစခန္းဟာ သာမာန္စစ္စခန္းတစ္ခုမဟုတ္ဘဲ စစ္သားေတြရဲ႕ မိသားစုေတြ၊ စတုိးဆုိင္ေတြ၊ စားေသာက္ဆုိင္ေတြ၊ ဟုိတယ္ေတြ ပါဝင္တဲ့ ၿမိဳ႕အဂၤါနဲ႔ ျပည့္စုံတဲ့ ၿမိဳ႕တစ္ခုလည္း ျဖစ္ပါတယ္။

Ref – The Verge

[Unicode]

ယခုအပတ်အစောပိုင်းမှာ အမေရိကန်စစ်တပ်ရဲ့ အကြီးဆုံးအခြေစိုက်စခန်းဖြစ်တဲ့ Fort Bragg ဟာ တကယ်လို့ ဆိုင်ဘာတိုက်ခိုက်ခံရရင် ဘယ်လိုလုပ်မလဲဆိုတာကို သိရဖို့အတွက် ကြိုတင်မကြေငြာထားဘဲ လျှပ်စစ်မီးဖြတ်ခြင်းကို ခံခဲ့ရပြီးနောက် တောင်းပန်စာ ထုတ်ပြန်ခဲ့ပါတယ်။ ဒီစခန်းဟာ ဗုဒ္ဓဟူးနဲ့ ကြာသပတေးနေ့တွေမှာ ၁၂ နာရီကြာအောင် လျှပ်စစ်ဓါတ်အားပြတ်တောက်ခဲ့ပြီး ကြိုမကြေငြာထားတဲ့အတွက် စိုးရိမ်ပူပန်မှုနဲ့ ရှုပ်ထွေးမှုအချို့ ဖြစ်ပျက်ခဲ့ပါတယ်။

တာဝန်ရှိသူတွေကတော့ ဒီလေ့ကျင့်ခန်းဟာ မကြာခင်ဖြစ်ပေါ်ကောင်းဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေး ကျိုးပေါက်မှုတွေအတွက် ကြိုတင်လေ့ကျင့်တာဖြစ်ပြီး တကယ့်အဖြစ်လို အတွေ့အကြုံမျိုးကို လိုချင်တာကြောင့် ကြိုတင်မကြေငြာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန်စစ်တပ်ကတော့ သူတို့ရဲ့လူမှုကွန်ရက်မှာ ဒီလိုဖြစ်ပွားခဲ့တဲ့အတွက် ပြန်လည်တောင်းပန်ခဲ့ပြီး ဒါဟာ တကယ့်ဖြစ်ရပ် ဖြစ်ပေါ်လာတဲ့အခါ အသင့်ရှိမှုကို ဆုံးဖြတ်နိုင်ဖို့အတွက် လိုအပ်တဲ့ စမ်းသပ်မှုဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ တာဝန်ရှိသူတွေဟာ အမေရိကန်နိုင်ငံရဲ့ လျှပ်စစ်စွမ်းအင်မျှဝေမှုနဲ့ Infra တွေက ဆိုင်ဘာတိုက်ခိုက်မှုကို ခံနိုင်ပါ့မလားလို့ ပူပန်မှုတွေ မြင့်တက်လာခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးဟာ မဖြစ်ဖူးတာ မဟုတ်ဘဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားစက်ရုံတွေကို အလားတူ တိုက်ခိုက်မှုမျိုး ဖြစ်ပေါ်ခဲ့ဖူးပြီး အဲ့ဒီတုန်းက လက်သည်တွေဟာ အမေရိကန်စစ်တပ်ရဲ့ အဆောက်အဦတွေကိုပါ ပစ်မှတ်ထားလာတာကို ထောက်လှမ်းတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

တာဝန်ကျစစ်သား ငါးသောင်းကျော်ရှိတဲ့ Fort Bragg ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးစစ်စခန်းဖြစ်ပြီး အမေရိကန် XVIII လေတပ်နဲ့ အထူးအော်ပရေးရှင်းအမိန့်ပေးယူနစ်တို့ရဲ့ အခြေစိုက်စခန်းလည်း ဖြစ်တယ်။ ဒါကြောင့် ဒီစခန်းဟာ သာမာန်စစ်စခန်းတစ်ခုမဟုတ်ဘဲ စစ်သားတွေရဲ့ မိသားစုတွေ၊ စတိုးဆိုင်တွေ၊ စားသောက်ဆိုင်တွေ၊ ဟိုတယ်တွေ ပါဝင်တဲ့ မြို့အင်္ဂါနဲ့ ပြည့်စုံတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

Ref – The Verge